နိမိတ်တပေါင်တွေကမှန်နေပြီ သူတို့ချင်းပဲချနေကြပြီ

လောက်ကိုင်တွင် လက်နက်ချအညံ့ခံသော ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူး ချုပ် မိုးကျော်သူနှင့် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို စစ်ခုံရုံးက သေဒဏ် ချမှတ် ပြီး ကျန်ဗိုလ်မှူးချုပ်များနှင့် ဗိုလ်မှူးကြီးများကို တစ်သက်တစ်ကျွန်း နှင့် နှစ် ရှည် ထောင်ဒဏ်များချမှတ်ရန်ကုန်၊ ဇန်နဝါရီ ၂၃ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် MNDAA ထံ လက်နက်ချ အညံ့ခံလိုက်သော ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ဗိုလ် မှူး ချုပ် ဇော်မျိုးဝင်းတို့ကို စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် စစ်ခုံရုံးကို ဖွဲ့စည်းပြီးနောက် ၄၈ နာရီအတွင်း အမှုကို စစ်ဆေးကာ အမိန့်ချမှတ် အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်မှ စစ်သည်နှင့်တပ်မိသားစုဝင် ၄၀၀၀ ကျော် MNDAA ထံတွင် လက်နက်ချ အညံ့ခံမှုတွက် အဓိက တာဝန်ရှိသူဟု သတ် မှတ် ခံရသော လောက် ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက် ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မ လိုက် နာ မှု၊ တာဝန်မကျေပွန်မှု တို့အပါအဝင် တပ်မတော်အက်ဥပဒေ များ၊ ပုဒ်မ များစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကို စစ်ခုံရုံးက ချမှတ်လိုက်ကြောင်း သိရှိရ သည်။ ထို့ပြင် အခြား ဗိုလ်မှူးချုပ် ၃ ဦးဖြစ်ကြသည့် စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင် ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခ မှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကိုလည်း တာဝန် မကျေပွန်မှု၊ အထက် အမိန့် မနာခံမှု၊ ပုန်ကန်မှု များ ဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များကို လည်း ကောင်း၊ လောက်ကိုင်မှ ဗိုလ်မှူးကြီး အဆင့် အရာရှိ ၆ ဦးကိုလည်း နှစ်ရှည် ထောင်ဒဏ်များစွာကိုလည်းကောင်း စစ်ခုံရုံးက ချမှတ်ကြောင်း သိရှိရ သည်။ ဓာတ်ပုံ- ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူ။

ေလာက္ကိုင္တြင္ လက္နက္ခ်အညံ့ခံေသာ ဗိုလ္မႉးခ်ဳပ္ ထြန္းထြန္းျမင့္၊ ဗိုလ္မႉး ခ်ဳပ္ မိုးေက်ာ္သူႏွင့္ ဗိုလ္မႉးခ်ဳပ္ ေဇာ္မ်ိဳးဝင္းတို႔ကို စစ္ခုံ႐ုံးက ေသဒဏ္ ခ်မွတ္ ၿပီး က်န္ဗိုလ္မႉးခ်ဳပ္မ်ားႏွင့္ ဗိုလ္မႉးႀကီးမ်ားကို တစ္သက္တစ္ကြၽန္း ႏွင့္ ႏွစ္ ရွည္ ေထာင္ဒဏ္မ်ားခ်မွတ္ရန္ကုန္၊ ဇန္နဝါရီ ၂၃ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေလာက္ကိုင္ၿမိဳ႕နယ္တြင္ MNDAA ထံ လက္နက္ခ် အညံ့ခံလိုက္ေသာ ဗိုလ္မႉးခ်ဳပ္ ထြန္းထြန္းျမင့္၊ ဗိုလ္မႉးခ်ဳပ္ မိုးေက်ာ္သူႏွင့္ ဗိုလ္ မႉး ခ်ဳပ္ ေဇာ္မ်ိဳးဝင္းတို႔ကို စစ္ခုံ႐ုံးက ေသဒဏ္ခ်မွတ္လိုက္ေၾကာင္း ေနျပည္ေတာ္စစ္ဘက္သတင္းရင္းျမစ္က ေျပာဆိုသည္။ ဇန္နဝါရီလ ၁၃ ရက္ေန႕တြင္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္(ရမခ) ဒုတိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္ေက်ာ္ထြန္း ဥကၠ႒ အျဖစ္ ေဆာင္႐ြက္သည့္ စစ္ခုံ႐ုံးကို ဖြဲ႕စည္းၿပီးေနာက္ ၄၈ နာရီအတြင္း အမႈကို စစ္ေဆးကာ အမိန႔္ခ်မွတ္ အေရးယူခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။ ဇန္နဝါရီလ ၄ ရက္ေန႕ ေလာက္ကိုင္မွ စစ္သည္ႏွင့္တပ္မိသားစုဝင္ ၄၀၀၀ ေက်ာ္ MNDAA ထံတြင္ လက္နက္ခ် အညံ့ခံမႈတြက္ အဓိက တာဝန္ရွိသူဟု သတ္ မွတ္ ခံရေသာ ေလာက္ ကိုင္ေဒသ အုပ္ခ်ဳပ္ေရးအဖြဲ႕ ဥကၠ႒ ဗိုလ္မႉးခ်ဳပ္ ထြန္းထြန္းျမင့္၊ ေလာက္ ကိုင္ဒကစမႉး ဗိုလ္မႉးခ်ဳပ္ မိုးေက်ာ္သူ၊ တပ္မ ၅၅ တပ္မမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မ်ိဳးဝင္းတို႔ကို နိုင္ငံေတာ္ပုန္ကန္မႈ၊ အမိန႔္မ လိုက္ နာ မႈ၊ တာဝန္မေက်ပြန္မႈ တို႔အပါအဝင္ တပ္မေတာ္အက္ဥပေဒ မ်ား၊ ပုဒ္မ မ်ားစြာျဖင့္ ေသဒဏ္ျပစ္ဒဏ္မ်ားကို စစ္ခုံ႐ုံးက ခ်မွတ္လိုက္ေၾကာင္း သိရွိရ သည္။ ထို႔ျပင္ အျခား ဗိုလ္မႉးခ်ဳပ္ ၃ ဦးျဖစ္ၾကသည့္ စကခ ၁၆ တပ္မမႉး ဗိုလ္မႉးခ်ဳပ္ ေသာ္ဇင္ ဦး၊ စကခ ၁၂ စကခမႉး ဗိုလ္မႉးခ်ဳပ္ ေအာင္ေဇာ္လင္း၊ စကခ ၁၄ စကခ မႉး ဗိုလ္မႉးခ်ဳပ္ ေအးမင္းဦးတို႔ကိုလည္း တာဝန္ မေက်ပြန္မႈ၊ အထက္ အမိန႔္ မနာခံမႈ၊ ပုန္ကန္မႈ မ်ား ျဖင့္ တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္မ်ားကို လည္း ေကာင္း၊ ေလာက္ကိုင္မွ ဗိုလ္မႉးႀကီး အဆင့္ အရာရွိ ၆ ဦးကိုလည္း ႏွစ္ရွည္ ေထာင္ဒဏ္မ်ားစြာကိုလည္းေကာင္း စစ္ခုံ႐ုံးက ခ်မွတ္ေၾကာင္း သိရွိရ သည္။ ဓာတ္ပုံ- ဗိုလ္မႉးခ်ဳပ္ ထြန္းထြန္းျမင့္၊ ဗိုလ္မႉးခ်ဳပ္ မိုးေက်ာ္သူ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *