“ဟောင်မင်း နှိပ်ကွပ်တာ ခံလိုက်ရတဲ့ ၅၀၀၀ စား တစ်ယောက်ရဲ့ ဝေဒနာ”(ရုပ်သံ)

“ဟောင်မင်း နှိပ်ကွပ်တာ ခံလိုက်ရတဲ့ ၅၀၀၀ စား တစ်ယောက်ရဲ့ ဝေဒနာ”

အားလုံးလဲ သိကြမှာပါ။ ကိုးကန့်က စေတီပြသနာကို ခုတုံးလုပ်ပြီး ထုံးစံအတိုင်း ၅၀၀၀ စားတွေ ဇောင်းကြွလာတယ်။

တကယ်တော့ ဒီပွဲကို စီစဉ်ပေးတာက ခွက်ခွက်လန်အောင် စစ်ရှုံးနေတဲ့ စစ်တပ်ပါပဲ။ စစ်တပ်ရဲ့ ဇာတ်ညွှန်းက သူတို့ စစ်ရှုံးနေတာကို တပ်ထောက်ခံတွေက ပေါက်ကွဲနေကြတော့ အာရုံပြောင်းသွားစေဖို့ ဒီပွဲကို ကုလားဖန်ထိုးပြီး အကွက်ဆင်လိုက်တာ။

ဒါကို ဘူမသိ ကိုးမသိတဲ့ အမျိုးသားရေး အမည်ခံ မဘသတွေက ယုံတောင်ပြေး ခွေးမြောက်လိုက် လုပ်ပြီး စောက်ဖျင်း ကာချုပ် ဆင်းပေးရေးတွေပါ အော်လာကြရော။ မဘသ ဆိုတဲ့ကောင်တွေ ဘယ်လောက်တုံးလဲ အဲ့မှာ ပေါ်တာပဲ။

စစ်တပ်ရဲ့ မူလ ရည်ရွယ်ချက်က သူတို့ စစ်ရှုံးတာကို ဖုံးကွယ်ဖို့။ ခုတော့ စောက်တုံးကောင်တွေ လုပ်ချလိုက်မှ အကုန် ဂွမ်းကုန်ပါလေရော။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးပါမှ ဆေးအတွက် ပိုလေးစေသလို ဖြစ်ပြီး စစ်တပ်က စွရှက်တွေပါ ပိုကွဲကုန်တယ်။

အဲ့တော့လဲ တစ်ယောက်တော့ တရားခံ ထိုးချမှ ဖြစ်တော့မယ် ဆိုပြီး အာချောင်ခဲ့တဲ့ ပေါက်ကတုံးကို ဆွဲစိ။ ပွဲက ဒီမှာတင် ပြီးမသွားဘူး။

ဘောမ အချင်းချင်းကို ဘူဘူချင်း တစ်လုပ်ပြီး ပွဲလန့်တုန်း ဖျာဝင်ခင်းတာက ဟောင်မင်း။ ကတုံးပေါ် ထိပ်ကွက် ဆိုတာ သူမှ အစစ်။ မဘသ ဘုန်းကြီးတွေရော ၅၀၀၀ စားတွေပါ မချန် ရောသိပ်ပြီး တွယ်သွားတာ မဘသ အုပ်စု ပက်လက်လန်ကုန်ရော။

တကယ်တော့ ဟောင်မင်းက လူလည်။ သူနဲ့ ပြိုင်ဘက် ဖြစ်နေတဲ့ မဘသတွေ အခြေအနေ မကောင်းဖြစ်နေတာကို အခွင့်ကောင်းယူပြီး မင်းအောင်လှိုင်ရဲ့ ဘောကို မောင်ပိုင်စီးလိုက်တဲ့ သဘော။

မဘသတွေ ခမျာ ဘောပျောက်ရရှာပြီ။

ငါတို့က တပ်မတော်ကြီးကို ချစ်တာကွ ဆိုပြီးတော့တောင် လေမကျယ်ရဲရှာတော့ဘူး။ စစ်တပ် တစ်ခုလုံးကို သူပိုင်ကျွန်တွေကို အပိုင်စားရထားတဲ့ ခွေးပုက သူ့ထိတဲ့ကောင် အကုန် အပြုတ်နှံနေတာကိုး။

အခုတော့ မဘသတွေရဲ့ ဘဝက မျောက် သစ်ကိုင်းလွတ်။ စစ်တပ်ကိုလဲ ချစ်ပြလို့မရ၊ အာရကေ မရပြန်တော့ အမျိုးဘာသာ သာသနာကို ချစ်စိတ်တွေက ခမ်းခြောက်။ ရှေ့လျောက် သူတို့ဘဝက ရေနဲ့ ထမင်းတောင် နပ်မှန်မယ့်ကိန်း မရှိတော့ဘူး။

ပြောရရင်တော့ ဒီပြသနာတွေ အားလုံးရဲ့ လက်သည်က ဟောင်မင်း ပါပဲ။

.

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *