ရှမ်းတောင်ပွဲတွေလာဘီနော် နောက်ထပ်သတင်းကောင်းတွေဆက်လာမယ်

ဆီဆိုင်မြို့ကို စစ်ကူသွားရန် ပြင်ဆင်နေသည့် ဟိုပုံးမြို့ အမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံး■ ဆီဆိုင်မြို့ကို PNLAနှင့် မဟာမိတ်များက သိမ်းပိုက်မည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် တပ်မိသားစုဝင်များ တောင်ကြီးမြို့ကို ထွက်ပြေးရန်ကုန်၊ ဇန်နဝါရီ ၂၃ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကူသွားရန် ပြင်ဆင်နေသည့် ဟိုပုံးမြို့ အမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆီဆိုင်မြို့ကို စစ်ကူသွားရန် ပြင်ဆင်စုဆောင်းနေသော အကြမ်းဖက် စစ်တပ်၏ ဟိုပုံးမြို့ အမြောက်တပ်ကို တောင်ကြီး PDF က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် လက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့ဝင် ၉ ဦးသေဆုံးကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။” ဆီဆိုင်မြို့ကို ဆင်းဖို့ ပြင်ဆင် စုဆောင်းနေတဲ့ လက်နက်ကြီးစခန်းကို တောင်ကြီး PDF က ဒရုန်းနဲ့ ဗုံးကျဲချ တာလို့ သိရတယ်။ အဲလက်နက်ကြီးစခန်းက ဟိုပုံးမြို့ အမြောက်တပ် (ဒေသအခေါ် လက်နက်ကြီးတပ်) ပေါ့။ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခံရတာ စစ်ကောင်စီ တပ်သား ၉ ကောင်လောက်သေပြီး ၂၀ ဆယ်ကျော် ၃၀ နီးပါး ဒဏ်ရာရတယ်။ သေဆုံးထိခိုက်သူတွေထဲမှာ စကစလက်အောက်ခံ ပေါမူဒေသ PNO ပြည်သူ့စစ်တွေလည်း ပါဝင်နေတယ်။ စစ်တပ်က အဲသတင်း မပေါက်ကြားစေဖို့ သတင်း လိုက်ပိတ်ပင်ထားတယ်။ သတင်းပေါက်ကြားသူတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် နောင်ထော်ကျေးရွာ အနီးရှိ အကြမ်းဖက် စစ်တပ် စခန်းနှင့် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်စခန်းကို PNLA နှင့် မဟာမိတ် တပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ဆီဆိုင်မြို့ကို ယနေ့ ညပိုင်းတွင် PNLA နှင့် မဟာမိတ် တပ်ဖွဲ့များက ဝင်သိမ်းမည်ဆိုသော သတင်း​ထွက်​ပေါ်နေခြင်းကြောင့် ဆီဆိုင်မြို့တွင် တိတ်ဆိတ်နေကာ တပ်မိသားစုများ တောင်ကြီးမြို့ကို ထွက်ပြေးနေကြောင်း သိရသည်။”အခု ဆီဆိုင်မြို့နဲ့ ဆိုက်ခေါင်စံပြကျေးရွာမှာ လုံးဝတိတ်ဆိတ် ခြောက်ကပ်နေပြီ သရဲခြောက်မှာတောင်ကြောက်နေရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။Photo – ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပေါမူဒေသ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *