၅၉လောင်းတဲ့ ရှင်လောင်းတော့မဟုတ်ဘူးနော်

ဖားကန့်ရှိ စစ်ကောင်စီ၏ ဝှေခါစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅၉ လောင်း ရရှိပြီး ၅ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စစ်ကောင်စီ၏ ဝှေခါစခန်းကို KIA က တိုက်ခိုက် သိမ်း ပိုက်ခဲ့ရာတွင် အလောင်း ၅၉ လောင်းရရှိပြီး အရှင်ဖမ်းဆီးရရှိသူ ၅ ဦးရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၆ ရက်နေ့မှစတင်၍ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါ ကျေး ရွာရှိ စစ်ကောင်စီ တပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ် များက စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်အစောပိုင်းတွင် ဝှေခါကျေးရွာရှိ စစ်တပ်စခန်းကို အပြီး သတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါ စခန်း တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိပြီး အများအပြားထွက်ပြေးကြကြောင်း ၊ KIA တပ်များက စခန်းသိမ်းတိုက်ပွဲနှင့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်များကို လိုက်လံ တိုက် ခိုက်ရာ စစ်သား အလောင်း ၅၉ လောင်းရရှိပြီး ၅ ဦးအရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

“ဝှေ့ခါစခန်းမှာ စစ်သားအလောင်း ၄၁ လောင်းရတယ်။ နောက်တော့ ထွက်ပြေးသွားတဲ့ စစ်သား တွေကို လိုက်ရှင်းတာမှာ ဂျန်ဒါ ရွာနားမှာ တိုက်ပွဲဖြစ်ပြီး အလောင်း ၁၂ လောင်းထပ်ရတယ်။ နောက်အဲဒီဘက် ထွက်ပြေးလမ်းမှာ ၆ လောင်းထပ်ရတယ်။ စုစုပေါင်း ၅၉ လောင်းရတယ်။ ဖမ်းဆီးရမိတာတွေလည်းရှိတယ်။ ၅ ဦးအရှင်ဖမ်းမိတယ်။ အရှင်ဖမ်းဆီးရရှိသူ ၅ ဦးထဲက ၁ ဦးက ဒဏ် ရာနဲ့ သေဆုံးသွားပါတယ်” ဟု KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖားကန့်တွင် စစ်ကောင်စီ၏ အခိုင်အမာစခန်းများအဖြစ် ဝှေခါ၊ ဖားကန့် ဗျူ ဟာ၊ လမောင်ကုန်း စခန်း၊ ယမ်းချက်စက်ရုံ နန့်ယား စစ်တပ်ကုန်း၊ ကာမိုင်း ဗျူဟာ တို့ရှိနေပြီး ဝှေခါ စခန်းကို KIA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အရှင်ဖမ်းဆီးရရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး။

ဖားကန႔္ရွိ စစ္ေကာင္စီ၏ ေဝွခါစခန္းသိမ္းတိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အေလာင္း ၅၉ ေလာင္း ရရွိၿပီး ၅ ဦး အရွင္ဖမ္းမိ
ရန္ကုန္၊ ဇန္နဝါရီ ၂၃
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ စစ္ေကာင္စီ၏ ေဝွခါစခန္းကို KIA က တိုက္ခိုက္ သိမ္း ပိုက္ခဲ့ရာတြင္ အေလာင္း ၅၉ ေလာင္းရရွိၿပီး အရွင္ဖမ္းဆီးရရွိသူ ၅ ဦးရွိေၾကာင္း KIA သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ဇန္နဝါရီ ၆ ရက္ေန႔မွစတင္၍ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ ေဝွခါ ေက်း ႐ြာရွိ စစ္ေကာင္စီ တပ္စခန္းကို KIA ဦးေဆာင္ေသာ ေတာ္လွန္ေရးတပ္ မ်ားက စတင္တိုက္ခိုက္ခဲ့ၿပီး ဇန္နဝါရီ ၂၀ ရက္ေန႔ နံနက္အေစာပိုင္းတြင္ ေဝွခါေက်း႐ြာရွိ စစ္တပ္စခန္းကို အၿပီး သတ္သိမ္းပိုက္ရရွိခဲ့ေၾကာင္း၊ အဆိုပါ စခန္း တြင္ စစ္အင္အား ၁၀၀ ဝန္းက်င္ရွိၿပီး အမ်ားအျပားထြက္ေျပးၾကေၾကာင္း ၊ KIA တပ္မ်ားက စခန္းသိမ္းတိုက္ပြဲႏွင့္ ထြက္ေျပးသြားေသာ စစ္ေကာင္စီတပ္မ်ားကို လိုက္လံ တိုက္ ခိုက္ရာ စစ္သား အေလာင္း ၅၉ ေလာင္းရရွိၿပီး ၅ ဦးအရွင္ဖမ္းဆီးရရွိခဲ့ေၾကာင္း သိရွိရသည္။
“ေဝွ႔ခါစခန္းမွာ စစ္သားအေလာင္း ၄၁ ေလာင္းရတယ္။ ေနာက္ေတာ့ ထြက္ေျပးသြားတဲ့ စစ္သား ေတြကို လိုက္ရွင္းတာမွာ ဂ်န္ဒါ ႐ြာနားမွာ တိုက္ပြဲျဖစ္ၿပီး အေလာင္း ၁၂ ေလာင္းထပ္ရတယ္။ ေနာက္အဲဒီဘက္ ထြက္ေျပးလမ္းမွာ ၆ ေလာင္းထပ္ရတယ္။ စုစုေပါင္း ၅၉ ေလာင္းရတယ္။ ဖမ္းဆီးရမိတာေတြလည္းရွိတယ္။ ၅ ဦးအရွင္ဖမ္းမိတယ္။ အရွင္ဖမ္းဆီးရရွိသူ ၅ ဦးထဲက ၁ ဦးက ဒဏ္ ရာနဲ႔ ေသဆုံးသြားပါတယ္” ဟု KIA သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ဖားကန႔္တြင္ စစ္ေကာင္စီ၏ အခိုင္အမာစခန္းမ်ားအျဖစ္ ေဝွခါ၊ ဖားကန႔္ ဗ်ဴ ဟာ၊ လေမာင္ကုန္း စခန္း၊ ယမ္းခ်က္စက္႐ုံ နန႔္ယား စစ္တပ္ကုန္း၊ ကာမိုင္း ဗ်ဴဟာ တို႔ရွိေနၿပီး ေဝွခါ စခန္းကို KIA က အၿပီးသတ္သိမ္းပိုက္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- အရွင္ဖမ္းဆီးရရွိသူ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၅ ဦး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *