ကွတ်ခိုင်ကတော့စိတ်ချရဘီ

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာရှိ စစ်တပ်၏ တပ်စခန်းအားလုံးကို KIA က တိုက် ခိုက် သိမ်းပိုက်ရန်ကုန်၊ ဇန်နဝါရီ ၂၄ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိို့နယ်၊ နမ့်ဖက်ကာရှိ အကြမ်းဖက် စစ် တပ် ၏ တပ်စခန်းအားလုံးကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် နမ့်ဖက်ကာရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။”နမ့်ဖက်ကာ sold out ဖြစ်သွားပါပြီ။ ညနေ ၃ နာရီ ၃၀ မိနစ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ စစ်စခန်းအားလုံးကို အပြီးအစီး သိမ်းလိုက်ပါပြီ” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *