ကော့ကရိတ်သတင်းလေးနားစွင့်ကြအုန်း

ကော့ကရိတ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

■ စစ်တပ်က ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း Southern Eagle PDF ထံမှ သိရသည်။

ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်ခန့်တွင် ကျားဖြူစစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ကော့ကရိတ်မြို့ မြောက်ပိုင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကော့ကရိတ်မြို့အတွင်းရှိ‌ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲများလည်း လက်ရှိချိန်ထိ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ အတိအကျတော့ မသိသေးပါဘူး။ လက်တလောတိုက်ပွဲတော့ မပြီးသေးတော့ အတိအကျတော့ မသိရသေးတာ တိုက်ပွဲမှာ စစ်ခွေးတွေ အသေများပြီး တိုက်ပွဲခဏနားတော့ နေအိမ်တွေကို မီးရှို့သွားတာ” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *