နာရေးလာတဲ့ကိုလှဆွေတို့မွှင်းခါးဖြစ် ၁၀ပွဲအဝဆွဲ

မုံရွာမြို့ပေါ်မှာ ဒုရဲအုပ် ပစ်ခတ်ရှင်းလင်းခံရလို့ လာရောက်တဲ့ အိမ်စီးကား ၂ စီးနဲ့ စစ်ကောင်စီလက်အောက်ခံရဲတွေကို အနီးကပ်တိုက်ခိုက်ရာ ၁၀ ဦး ထပ်သေဆုံး…++++++++++++++++++++++ဇန်နဝါရီ ၂၄ ရက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ဒုရဲအုပ် ပစ်ခတ်ရှင်းလင်းခံရလို့ လာရောက်တဲ့ အိမ်စီးကား ၂ စီးနဲ့ စစ်ကောင်စီလက်အောက်ခံရဲတွေကို အနီးကပ်တိုက်ခိုက်ရာ ၁၀ ဦး ထပ်သေဆုံးမုံရွာခရိုင် အမှတ်(၂၂) နတ်ဆိုးတပ်ရင်းဆီက သိရပါတယ်။ ဇန်နဝါရီ ၂၁ ရက်က မနက် ၉ နာရီခန့်က စက်မှု ၁ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်ထိုင် နေတဲ့ အမှတ် ၂ ရဲစခန်းက ဒုရဲအုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်ရှင်းလင်းခဲ့ပြီးနောက် နယ်မြေရှင်းလင်းဖို့ ထွက်လာတဲ့ ALPHARD နဲ့ PRADO ကား ၂ စီး အင်အား ၁၃ ဦးလိုက်လာတဲ့ စစ်ကောင်စီလက်အောက်ခံရဲတွေကို ဗိုလ်တေဇလမ်း၊ ကြယ်စင်မင်း ဆီဆိုင်အနီးအရောက် အသင့်စောင့်ဆိုင်းနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြောက်ကျားတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီ လက်အောက်ခံရဲ ၁၀ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွားကာ လက်နက်များ ကောက်ယူဖို့ ကြိုးစားခဲ့ပေ မယ့် စစ်ကောင်စီတပ်သားတွေ ထပ်ရောက်လာတာကြောင့် အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ကြာ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁) တပ်ရင်း၊ မုံရွာ ခရိုင်အမှတ် (၂၃) အမဲလိုက်သိန်းငှက်တပ်ရင်းနဲ့ မုံရွာခရိုင် အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ရဲဘော်များ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *