ကြည်းခဝေးနဲ့ရေခဝေးကိုက်ကြ ပျော်လိုက်တာ

“ကြည်းတပ်က စာမတတ်တဲ့ကောင်တွေများတယ်။ လုပ်ချင်တာလုပ်နေတာ” ဟု ပြောသည့် ရေတပ်မှ ဒုတပ်ကြပ်ကို ခမရ-၅၅၀ မှ စစ်သားများက သေနတ်ဖြင့် ဝိုင်းဝန်း ပစ်သတ်■ ရေတပ်နှင့်ကြည်းတပ် အပြန်အလှန် ပစ်ခတ်မှုတွင် နှစ်ဖက်ဒဏ်ရာရသူများပြား ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကျောက်တော်မြစ်ကြောင်းတွင် စစ်ကြောင်း ထိုး မောင်းနှင်နေသော ကမ်းထိုးရေ ယာဉ် အမှတ် ၁၇၁၄ တွင် လိုက်ပါလာသည့် ခမရ ၅၅၀ မှ စစ်သားများက ရေယာဉ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရေတပ် ဒုတပ်ကြပ် နေလင်းထွေးကို ၀ိုင်းဝန်း ပစ်ခတ်သတ်ဖြတ်လိုက် ကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ ပေါက်တောနယ်မြေ၊ ပေါက်တောနယ်မြေ၊ ကျောက်တော် မြစ်ကြောင်းတစ်လျောက်မောင်းနှင်လျက်ရှိသည့် ကမ်းထိုးရေယာဥ်(၁၇၁၄) တွင် လုံခြုံရေးလိုက်ပါ ဆောင်ရွက်နေသော ခမရ-၅၅၀ မှ စစ်သားများက ရေတပ်မှ အထူးတက်မကိုင်တာဝန်(Special wheel) ဒုတပ်ကြပ် နေလင်းထွေးကို သေနတ်ဖြင့် ဝိုင်းပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ၊ ရေတပ်မှ ဒုတပ် ကြပ် နေလင်းထွေးက ကြည်းတပ်မှ စစ်သားများ စာမတတ်သူများ ပြောဆိုခဲ့၍ ကြည်းတပ် ခမရ ၅၅၀ မှ တပ်သားများက ဝိုင်းဝန်း ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်တွင် ဒုတပ်ကြပ်နေလင်းထွေးက ” ကြည်းတပ်က စာမတတ်တဲ့‌‌ကောင်တွေများတယ်၊ စာမတတ်တော့ သိပ်မတွေးခေါ်တတ်ဘူး၊ ထင်ရာလုပ်ကြတယ်၊ ရေတပ်ဆိုရင် စာတတ်တဲ့ သူတွေချည်းပဲ ပညာတတ်တွေများတယ်၊ ရေယာဥ်ကိုလည်း အခြားအဆင့်က မောင်းခွင့်ရှိတယ်” ဟု ပြောဆိုကြောင်း၊ ထို့ကြောင့် ခမရ-၅၅၀မှ စစ်သားများက ရေတပ် ဒုတပ်ကြပ် နေလင်းထွေးကို ဝိုင်းဝန်းထိုးကြိတ် ခဲ့ကြောင်း၊ ရေယာဥ်တွင် တာဝန်ထမ်းဆောင်သည် ရေတပ်စစ်သားများကလည်း ကြည်းတပ်မှ စစ်သားများကို ပြန်လည်ထိုးကြိတ်ကြပြီး အပြန်အလှန် ရန်ဖြစ်ကြကြောင်း သိရှိရသည်။ ထိုသို့ ခိုက်ရန်ဖြစ်ပွားနေစဉ် ကြည်းတပ် ခမရ-၅၅၀မှ စစ်သားများက ရေတပ်စစ်သားများကို ၎င်းတို့ ကိုင်ဆောင်ထားသော လက်နက်များဖြင့် စတင်ပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း နှစ်ဖက်ဒဏ် ရာရသူများ ရှိခဲ့ပြီး ဒုတပ်ကြပ် နေလင်းထွေးသည် ခန္တာကိုယ်အနှံ့ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း၊ ထိုကဲ့သို့ ကြည်းတပ်က ရေတပ်စစ်သား ၁ ဦးကို ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ခဲ့သည်ကို ရေယာဉ်တွင်လိုက်ပါလာသော အကြီးပိုင်းတာဝန်ရှိသူများက ဖုံးဖိ၍ စစ်သားများ အချင်းချင်း သောက်စားမူးယစ်ပြီး မှားယွင်းပစ်ခတ်မိခြင်းသာဖြစ်သည်ဟု စစ်ရုံးသို့ လိမ်လည် အစီရင်ခံတင်ပြကြောင်း သိရှိရသည်။ သေဆုံးသွားသော ဒုတပ်ကြပ် နေလင်းထွေး(ရေယာဥ်ပဲ့ထိန်းအထူးတက်မကိုင်)သည် အမှတ်(၁) စစ်အခြေခံ လေ့ကျင့်ရေးတပ်(ဖောင်ကြီး) သင်တန်းဆင်းဖြစ်ပြီး ဇနီးနှင့် ကလေးငယ် ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။ ဓာတ်ပုံ- စစ်ကောင်စီ၏ ကင်းလှည့်စစ်ရေယာဉ် တစ်စင်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *