ပြည်သူ့ဝန်ကြီးနှစ်ဦးနှင့်မြန်မာနိုင်ငံသားတွေတွေ့ဆုံ

ဝါရှင်တန်ဒီစီတွင် NUG ဝန်ကြီးများ ၊ CRPH မှ လွှတ်တော်ကိုယ်စားလှယ်တချို့နှင့် အမေရိကန်ရောက် မြန်မာများ တွေ့ဆုံ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် NUG ဝန်ကြီးများ ၊ CRPH မှ လွှတ် တော်ကိုယ်စားလှယ်တချို့နှင့် အမေရိကန်ရောက် မြန်မာများ ယနေ့ တွေ့ဆုံကြကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၈ရက်နေ့ ညနေ ၅ နာရီမှ ည ၇ နာရီအထိ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၉ ရက်နေ့) အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိအမျိုးသားညီညွှတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့် ၊ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ၊ နိုင်ငံ ခြား ရေး ဒုဝန်ကြီးဦးမိုးဇော်ဦး ၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင် ၊ လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုး ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော နှင့် အမေရိကန်ပြည်ထောင်စုရောက် မြန်မာနွယ်ဖွား ပြည်သူများဖြင့် ရင်းရင်းနှီးနှီး တွေ့ဆုံ ​ဆွေးနွေးကြကြောင်း သိရှိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၉

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *