အညာကိုအားစိုက်ပေးကြအုန်းညီနောင်တို့

ကျွန်းလှဘက်ကို စစ်တပ်အင်အား ၃၀၀ ကျော် ဝင်ရောက်၊ ဒေသခံ ၅,၀၀၀ ကျော် ဘေးကင်းရာကို ကြိုတင်ရွှေ့ပြောင်းနေရ

ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့ဘက်ကို စစ်ကောင်စီအင်အား ၃၀၀ ကျော်ဝင်ရောက်လို့ ဒေသခံ ၅,၀၀၀ ကျော် ဘေးကင်းရာကို ကြိုတင်ရွှေ့ပြောင်းနေရတယ်လို့ ကျွန်းလှမြို့နယ် ပကဖ ထံက သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက်ညမှာ ကန့်ဘလူမြို့ဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျွန်းလှမြို့ကို ရောက်ရှိလာပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးမယ်လို့ သတင်းတွေ ထွက်ပေါ်နေလို့ ကျွန်းလှမြို့နယ် မြောက်ဘက်ခြမ်းကျေးရွာနေ ဒေသခံများ ဘေးကင်းရာသို့ ကြိုတင်ရွေ့ပြောင်းနေကြတယ်လို့ ဆိုပါတယ်။

“အချို့ကျတော့ ပြင်ဆင်ပြီးအခြေနေကြည့်နေတယ်။ အချို့ရွာတွေကျတော့ သူတို့ထွက်လာတယ်ဆိုက တည်းကိုက ကြိုရှောင်နေကြရတယ်။ စကစဘက်ကလည်း တဖြည်းဖြည်းရွေ့လာနေတယ်။ မြိုပေါ်ရောက်ပြီးရင် ရွာတွေဘက်ကိုလည်း ရောက်လာနိုင်တယ်” လို့ ကျွန်းလှမြို့နယ် ပကဖ တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဖို့ ဝင်ရောက်လာတာတွေကြောင့် မကြာခင် ကာလမှာ ကန့်ဘလူနဲ့ကျွ န်းလှမြို့နယ်အတွင်းမှာ တိုက်ပွဲကြီးတွေဖြစ်လာနိုင်တာကြောင့် လိုအပ်တဲ့ ပြင်ဆင်မှု တွေကိုလည်း တော်လှန်ရေးအဖွဲ့တွေဘက်က ကြိုတင်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ချောင်းဖျား၊ အင်းမ၊ ထန်းကုန်း၊ ကြာတကန်၊ ပေကုန်းရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၅,၀၀၀ ကျော် ကြိုတင်တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အခု စစ်ကြောင်းဟာ ဇန်နဝါရီ ၂၆ ရက်က ကန့်ဘလူမြို့ပေါ်ကို ရောက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေထဲက တချို့တဝက်သာဖြစ်ပြီး ကျန်အင်အားတွေက ကန့်ဘလူမြို့နယ်၊ ဇီးကုန်း၊ သပြေသာကျေးရွာတွေဘက်ကို ဝင်ရောက်နေတယ်လို့ သိရပါတယ်။

ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်မှာ အမြဲတမ်းစစ်ဘေးရှောင် ၂၀,၀၀၀ ကျော်ထိရှိနေပြီး အများစုကတော့ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့တာခံရလို့ နေအိမ်မရှိကြသူတွေများတယ်လို့ သိရပါတယ်။

ပုံစာ- ဇန်နဝါရီ ၂၆ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်ရောက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *