ခြင်းကျားအာမီကလည်း တစ်ဖြုတ်ဖြုတ်ပဲ

မင်းပြားတွင် ကျန်ရှိနေသည့် ခမရ ၃၇၉ ကို AA တိုက်ခိုက်ရာတွင် တပ်ရင်းမှူး အပါအဝင် အများအပြား သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ဦး အရှင်ဖမ်းမိဇန်နဝါရီ ၃၀ရခိုင်ပြည်နယ်၊ မင်းပြားရှိ စစ်ကောင်စီ၏ကျန်ရှိနေသေးသော ခမရ-၃၇၉ ကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ရာ တပ်ရင်းမှူး အပါအဝင်အများအပြားသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ်ဒေသတွင်း သတင်းများအရ သိရသည်။မင်းပြားရှိ စစ်ကောင်စီ၏ ခမရ-၃၈၀ကို ဇန်နဝါရီ ၂၈ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ထိုသို့ ထုတ်ပြန်ပြီးနောက် ယမန်နေ့ ဇန်နဝါရီ ၂၉ရက်နေ့က ကျန်ရှိနေသည့် ခမရ ၃၇၉ နှင့် ခမရ ၅၄၁ တို့ကို ရက္ခိုင့်တပ်တော် (AA) မှ ဆက်လက်တိုက်ခိုက်ခဲ့ရာ ခမရ-၃၇၉ ရှိ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်များ သေဆုံးပြီး ၅၃ ယောက်ကို အရှင်ဖမ်းဆီးရမိကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။”မင်းပြားမှာက ခမရ-၃၇၉၊ ခမရ-၃၈၀၊ ခမရ-၅၄၁နဲ့ ကျိန်းတောင်ပေါ်က စစ်စခန်းပဲကျန်တော့တာ။ ခမရ ၃၈၀က သိမ်းပြီးတာရက်အနည်းငယ်ရှိပြီ။ တပ်တော်ကအခုမှ ကြေညာတာ။ ပြီးတော့ကျိန်းတောင်ကလည်းရပြီးနေပြီ ကြားတယ်။ ကျန်တဲ့ တပ်ရင်း နှစ်ခုမှာ စုပြီး ခံပစ်နေကြတာ။ မင်းပြားက ၉၀ ရာခိုင်နှုန်း လက်ထဲရောက်နေပါပြီ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။အဆိုပါ ခမရ ၃၇၉ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများသည် တောင်ကို ဂူပေါက်နှစ်ခုဖောက်၍ ၎င်းဂူပေါက်ထဲမှနေကာ ခံပစ်နေခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA) က ဂူပေါက် တစ်ခုထဲသို့ ကျားထိုးဝင်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးနှင့် စစ်ကောင်စီတပ်သားအချို့သေဆုံးပြီး တပ်သား ၅၃ ယောက်ကို ဂူထဲမှ ဆွဲထုတ်ဖမ်းဆီးခဲ့ရကြောင်းသိရသည်။ကျန်ရှိနေသည့် ဂူပေါက်ထဲတွင်လည်း စစ်ကောင်စီတပ်မှအရာရှိ အများစုပုန်းခို၍ တန်ပြန် ပစ်ခတ်မှုများပြုလုပ်နေကြောင်းသိရသည်။စစ်ကောင်စီ၏ ခမရ-၃၇၉ မှ သေဆုံးနေသည့် တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့အသုံးပြုသည့် ခြင်းကျားများအား ဓာတ်ပုံရိုက်ယူထားသည့်ပုံများကို AA တပ်ဖွဲ့ဝင်အချို့က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် မျှဝေထားသည်ကိုတွေ့ရသည်။စစ်ကောင်စီ၏ ခမရ-၃၈၀အသိမ်းခံရပြီး ယခု ခမရ-၃၇၉ ပါအထိနာနေသည့်အတွက် စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီ ၂၉ရက်နေ့ ညနေ ၄ နာရီခန့်ကစတင်၍ လေယာဥ်များဖြင့်ဗုံးကြဲ ချ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။ပုံစာ- ခမရ ၃၇၉မှ သေဆုံးစစ်ေကာင်စီတပ်သားများထံမှရရှိသည့် ခြင်းကျားများ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *