တနင်္သာရီမွှင်းခါးတွေဆက်လာမယ်နော်

တနင်္သာရီမြို့နယ်၊ ဘန်ဘောအရှေ့ကမ်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ကမ်းရွာအနီး ၆ မိုင်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်က တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ကမ်းရွာအနီး ၆ မိုင်သို့ စစ်ကြောင်းထိုးလာသော ခမရ ၅၆၁ မှ စစ်ကောင်စီတပ်သားကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၁ မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရျိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ ဖြစ်သည့် မြိတ်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၁၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့ (SWDF) နှင့် မြိတ်မြို့နယ် (ပကဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသနေမိဘပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာသွားလာနေထိုင်ပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ် မတော် ပူးပေါင်း စစ်ကြောင်း – ၁ က ထုတ်ပြန်ထားသည်။

တနသၤာရီၿမိဳ႕နယ္၊ ဘန္ေဘာအေရွ႕ကမ္း႐ြာအနီးတြင္ တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီ တပ္သား ၂ ဦး ေသဆုံး
ရန္ကုန္၊ ဇန္နဝါရီ ၃၀
တနသၤာရီတိုင္း၊ တနသၤာရီၿမိဳ႕နယ္၊ ဘန္ေလာအေရွ႕ကမ္း႐ြာအနီး ၆ မိုင္တြင္ တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီတပ္သား ၂ ဦး ေသဆုံးခဲ့ေၾကာင္း ၿမိတ္ခ႐ိုင္ တပ္ရင္း ၁ မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။
ဇန္နဝါရီလ ၂၇ ရက္ မြန္းတည့္ ၁၂ နာရီခန႔္က တနသၤာရီၿမိဳ႕နယ္၊ ဘန္ေလာအေရွ႕ကမ္း႐ြာအနီး ၆ မိုင္သို႔ စစ္ေၾကာင္းထိုးလာေသာ ခမရ ၅၆၁ မွ စစ္ေကာင္စီတပ္သားကို ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းစစ္ေၾကာင္း – ၁ မွ သြားေရာက္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၂ ဦး ေသဆုံးၿပီး ၂ ဦးဒဏ္ရာရရ်ိခဲ့ေၾကာင္း သိရသည္။
အဆိုပါ တိုက္ခိုက္မႈကို ျပည္သူ႔ကာကြယ္ေရးပူးေပါင္းစစ္ေၾကာင္း – ၁ ျဖစ္သည့္ ၿမိတ္ခ႐ိုင္ တပ္ရင္း ၂၊ တပ္ခြဲ ၁၊ ဘက္မလိုက္ေျပာက္က်ားအဖြဲ႕၊ ေတာင္ပိုင္းသူရဲေကာင္းအဖြဲ႕ (SWDF) ႏွင့္ ၿမိတ္ၿမိဳ႕နယ္ (ပကဖ) တို႔ ပူးေပါင္းကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ျပည္သူ႔ကာကြယ္ေရး ရဲေဘာ္တစ္ဦး မစိုးရိမ္ရ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
တနသၤာရီၿမိဳ႕နယ္အတြင္း ျဖစ္ေပၚေနေသာ စစ္ေရးအေျခအေနမ်ားအရ ေဒသေနမိဘျပည္သူမ်ား၊ ခရီးသြားျပည္သူမ်ားအေနျဖင့္ သတိရွိစြာသြားလာေနထိုင္ေပးၾကပါရန္ ျပည္သူ႔ကာကြယ္ေရးတပ္ မေတာ္ ပူးေပါင္း စစ္ေၾကာင္း – ၁ က ထုတ္ျပန္ထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *