ခဝေးမာရသွန်မွှင်းခါး၁၀ပွဲ

မတူပီမှာ ဆမီးဗျူဟာကုန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀၀) ဝန်းကျင်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ၁၀ဦးသေဆုံး

+++++++++++++++

ဇန်နဝါရီ ၃၀

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လုံပန်းကျေးရွာအနီး Kapin ချောင်းမှာ ဆမီးဗျူဟာကုန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀၀)ဝန်းကျင်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က ၁၀ဦး သေဆုံးခဲ့တယ်လို့ Chinland Defense Force Paletwa က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ မတူပီမြို့နယ်၊ လုံပန်းကျေးရွာအနီး Kapin ချောင်းမှာ ဆမီးဗျူဟာကုန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀၀)ဝန်းကျင်နဲ့ CDF-Paletwa, CDF-Matupi, CNA ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦး သေဆုံးပြီး (၁၀)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့မှာလည်း မတူပီမြို့နယ်၊ စံတပ်ကျေးရွာမှာ ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး ထပ်သေဆုံးကာ ဒဏ်ရာရရှိသူ များစွာရှိသလို CDF-Paletwa, CDF-Matupi, CNA ပူးပေါင်းတပ်ဖွဲ့တို့က အထိအခိုက်မရှိ ကောင်းမွန်စွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင် ပလက်ဝမြို့နယ်၊ ဘုန်းလှိုင်ကျေးရွာမှာ CDF-Paletwa လက်အောက်ခံ လင်းယုန်တပ်ရင်း ရဲဘော်(၂)ဦးကို ဆမီးဗျူဟာကုန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး (၁)ဦး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ပုံစာ – ချင်းတော်လှန်ရေးရဲဘော်တချို့(ပုံဟောင်း)

+++++++++++++++
ဇန်နဝါရီ ၃၀

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *