ပဒေသာမွှင်းခါး၁၀ပွဲ အဝကြိတ်ထား

ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီ ကား ၂ စီးကို ပဒေသာ ၅ လုံးပွိုင့် ၂ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်း သေဆုံး…+++++++++++++++ဇန်နဝါရီ ၃၀ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မရိုးကုန်းကျေးရွာကနေ နတ်ကြီးရွာကို ပြန်ရာ လမ်းတစ်နေရာမှာ စစ်ကောင်စီ ကား ၂ စီးကို ပဒေသာ ၅ လုံးပွိုင့် ၂ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်း – MSPDF က ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၅ရက်နေ့ ညနေ ၆နာရီအချိန်ခန့် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မရိုးကုန်းကျေးရွာကနေ နတ်ကြီးကို ပြန်ရာ လမ်းတစ်နေရာမှာ စစ်ကောင်စီ ကား၂စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပဒေသာ၅လုံးပွိုင့် ၂ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ပထမ ပဒေသာ ၅ လုံးပွိုင့် ဆွဲလိုက်ချိန် စစ်ကောင်စီကား၁စီး ထိခဲ့ရာ ကျန်ကားက စစ်ကောင်စီတပ်သားများ ကားပေါ်ကဆင်းပြီး လက်နက်ငယ်များနဲ့ ပစ်ခတ်ချိန် နောက်ထပ် ပဒေသာ ၅ လုံးပွိုင့် ထပ်မံဆွဲလိုက်ရာ စစ်ကောင်စီဘက်က (၁၀)ဦးထက်မနည်း နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၂၆ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က အလောင်းများ လာရောက်သယ်ယူသွားတယ်လို့ သတင်းရင်းမြစ်များဆီက သတင်းရကြောင်းလည်း MSPDF က ဆိုပါတယ်။ အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် (၄) တပ်ရင်း – MSPDF နဲ့အတူ မြင်းခြံခရိုင်အမှတ်(၆)တပ်ရင်း တပ်ခွဲ(၃)-Special Task Force Ngazun၊ မြင်းခြံခရိုင်အမှတ်(၆)တပ်ရင်း တပ်ခွဲ(၂)-NZN FIGHT STARSနဲ့ မြောင်မြို့နယ် နဘက်တိုက်နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *