မင်္ဂလာသတင်းကောင်း😊ဘေးကင်းအောင်မြင်ပါစေAA

ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းကို AA က တိုက်ခိုက်သိမ်းပိုက်၊ ရမ်းဗြဲတွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်‌ကောင်စီ၏ အလောင်းများနှင့်လက်နက်များသိမ်းဆည်းရရှိရန်ကုန်၊ ဇန်နဝါရီ ၃၁ ရခိုင်ပြည်နယ်၊ ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီ၏ လေကြောင်း အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း ၊ မင်းပြားမြို အခြေစိုက် ခမရ ၃၈၀ တပ်ရင်းကိုလည်း ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA က အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။ AA အနေဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြိုများမှ ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း၊ အားလုံးသော စခန်းများလည်း မကြာမီ အပြီး သတ်သိမ်းပိုက်ရယူရန် အပြည့်အဝယုံကြည်ပြီး လက်ရှိတွင်လည်း အခြေအနေကောင်းလျက်ရှိကြောင်း AA က ပြောဆိုသည်။ ထို့အတူ ရမ်းဗြဲမြိုတွင်မူ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် အဓိကပစ်ခတ်ဖျက်ဆီးပြီး တစ်မြို့လုံးကို ပျက်စီးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ရမ်းဗြဲမြို့ သို ထပ်မံဖြည့်တင်းလာသော စစ်ကောင်စီ၏ စစ်အင်အား ၁၂၀ ကျော်နှင့် လက်ကျန်တပ်ဖွဲ့ဝင်အချို့ ပူးပေါင်းသော စစ်ကြောင်းကို ရက္ခိုင့်တပ်တော်တို့ မြိုတွင်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့ပြီး မိမိတိုဘက်မှ စစ်ကောင်စီ၏ အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့အပြင် ယမန်နေ့၌ လေကြောင်းမှ ချပေးသော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်မြိုရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်းများကို ရက္ခိုင့်တပ်တော်မှ တစ်ရင်းမကျန် အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့် တိုက်ပွဲများ ယခုကဲ့သို ပြင်းထန်စွာ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း၊ AA အနေဖြင့် စစ်ကောင်စီ၏ တပ်ရင်းတစ်ခုပြီး တစ်ခု သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း AA က ထုတ်ပြန်ပြောဆိုသည်။ ဓာတ်ပုံ – မင်းပြားမြို့၊ ခမရ ၃၇၉ တပ်ရင်းထံမှ သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းများ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *