ဘဏ်စောင့်ခဝေးတွေကိုနတ်နတ်သီးကျွေး(ရုပ်သံ)

ရွှေဘိုမြို့ရှိ KBZ ဘဏ် ၂ တွင် လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ KBZ ဘဏ် ၂ တွင် လုံခြုံရေးယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Flying Dragon Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ရှိ KBZ ဘဏ် ၂ တွက် လုံခြုံရေး ယူပေးနေသော စစ်သားနှင့် ရဲများကို တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force ၊ သိင်္ခအားမာန်၊shwebo Crocodile၊ ရွှေဘိုအားမာန်မြို့ပြောက်ကျားတပ်ဖွဲ့၊ ကျားညီနောင် NDRF၊ တံတားညီနောင်၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ) တန၊၂ တပ်ပေါင်းစုတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုသည် မြန်မာနိုင်ငံရှိ KBZ ဘဏ် အားလုံးကို သတိပေး ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ ညွှန်ကြားချက်အရ KBZ ဘဏ်သည် ပြည်သူများကို စစ်တပ်နှင့် ပူးပေါင်းကာ K pay အကောင့်များကို လိုက်လံပိတ်သိမ်းထားခြင်းများနှင့် ပြည်သူများ၏ တိုင်တန်းချက်အရ K pay ပိတ်ရုံတင်မက အကောင့်ပိုင်ရှင် ပြည်သူများကိုပါ ဖမ်းဆီးခြင်းအထိ လုပ်ဆောင်လာခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း Flying Dragon Force က ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *