တကောင်တော့တပ်မဲ့သွားပြန်ပီ ..လူလဲလို့ကောင်းတုန်း

စစ်ခေါင်းဆောင်က အစုလိုက်အပြုံလိုက် လူသတ်မှုများတွင် ဦးဆောင်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်အောင်ကို ပြည်နယ်၀န်ကြီးချုပ်အဖြစ် ခန့်အပ်

မြရာ/ဧရာ၀တီတိုင်းမ်

ဖေဖော်ဝါရီ ၁ ရက်

ရှမ်း-ကယားအထူးစစ်ဆင်ရေးမှူး အမှတ် (၂) အထူးစစ်ဆင်‌ရေးအဖွဲ့မှူး(ကထစ- ၂) ဒုတိယ ဗိုလ်ချုပ်ကြီး အောင်အောင်ကို ရှမ်းပြည်နယ် ၀န်ကြီးချုပ်အဖြစ် ယမန်နေ့ ဇန်နဝါရီ ၃၁ နေ့က ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်နေ့တွင် အထက်ပိုင်း အရာရှိများ အပြောင်းအလဲပြုလုပ်မည်ဟု သတင်း များထွက်ပေါ်ပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးအောင် အောင်ကို ကစထ-၂ မှူး ရာထူးမှ ရှမ်းပြည် နယ်၀န်ကြီးချုပ်အဖြစ် စစ်ခေါင်းဆောင်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

“အခုက လက်စွမ်းပြ အစုလိုက်အပြုံလိုက်သတ်ခဲ့ဖူးတဲ့ သူတွေကို အဓိကနေရာတွေမှာ ရာထူးကြီးတွေပေး ပြီး ထားနေတာ။ အခုနားသွားတဲ့ ဦးအောင်ဇော်အေးကလည်း ရက်ရက်စက်စက်လုပ်တတ်တဲ့ လူစားမျိုးပဲ။ သူ့လိုလူကိုနားပြီး နောက်တစ်ယောက်ခန့်တယ်ဆို တော့ ဒီထက်ပိုရက်စက်ကြမ်းကြုတ် လာဖို့ပဲရှိတယ်” ဟု အငြိမ်းစား စစ်ဗိုလ်ချုပ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဒုဗိုလ်ချုပ်ကြီးအောင်အောင်သည် ကစထ -၂ မှူး ဖြစ်သည့် တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်၊ ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ် ဌာနချုပ်၊ လားရှိုးအခြေစိုက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နှင့် ခိုလန်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တို့ကို ဦးစီးရသည့် တိုင်းမှူးချုပ်ရာ ထူးမှတစ်ဆင့် ယခုရှမ်းပြည်နယ်၀န်ကြီးချုပ်ဖြစ်လာခြင်းဖြစ်သည်။

ယခု ရှမ်းပြည်နယ်၀န်ကြီးချုပ်ဖြစ်လာသည့် ဒုဗိုလ်ချုပ်ကြီးအောင်အောင်သည် ကစထ-၂ မှူးတာ၀န် မထမ်းဆောင်ခင်က စစ်တက္ကသိုလ် DSA ကျောင်းအုပ်၊ တပ်မ (၃၃) တပ်မမှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် တာ၀န်ယူခဲ့သူဖြစ်ပြီး အချိန်တိုအတွင်း ပြည်နယ်၀န်ကြီးချုပ် ဖြစ်လာခြင်းဖြစ်သည်။

တပ်မ (၃၃) တပ်မမှူးအဖြစ် ၎င်းတာ၀န်ယူခဲ့စဉ်က ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှု၊ လူအစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများတွင် ဦးဆောင်ပါဝင်ဖြစ်၍ အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်းထားသူတစ်ဦး ဖြစ်ပြီး ကစထမှူးတာ၀န်ထမ်း‌ဆောင်စဉ်ကလည်း ကရင်နီပြည်နယ်တွင် စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထို့အတူ လက်ရှိ ရှမ်းပြည်နယ်၀န်ကြီးချုပ်အဖြစ်မှ အနားပေးခံခဲ့ရသည့် ဒုဗိုလ်ချုပ်ကြီးအောင်ဇော်အေးသည်လည်း ကစထ -၂ မှူးအဖြစ်မှ ၀န်ကြီးချုပ်ဖြစ်လာသူဖြစ် သည်။ ၎င်းသည် ရှမ်းပြည်၊ ပင်လောင်းမြို့နယ်၊ နမ့်နိမ်းရွာမှ ဒေသခံများ အစုလိုက်အပြုံအသတ်ခံရမှုဖြစ်စဉ်တွင် အဓိကတာ၀န်ရှိသူဖြစ်ကြောင်း သိရသည်။

ဒုဗိုလ်ချုပ်ဦးအောင်ဇော်အေးကို စစ်ကောင်စီက ရှမ်း ပြည်နယ်၀န်ကြီးချုပ်အဖြစ်မှ အနားပေးလိုက်ပြီး အရပ်ဘက်ဆိုင်ရာ ရာထူးကြီးတစ်ခုကိုပြန်လည်ခန့် အပ်မှုများပြုလုပ်နိုင်ကြောင်း တပ်တွင်းသတင်းရင်းမြစ်၏ ပြောကြားချက်အရသိရသည်။

စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်တွင် ကြီးကြီးမားမား အပြောင်းအလဲများဖြစ်ပေါ်လာပြီး စစ်ဦးစီးချုပ်မှ စ၍ ထိပ်ပိုင်းခေါင်းဆောင်များ ပြောင်းလဲမှုရှိမည်ဟု နိုင်ငံတကာနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများမှ သုံးသပ်မျှော်မှန်းထားသော်လည်း စစ်ခေါင်းဆောင်က ၎င်းတို့ကိုယ်တိုင်ချိုးဖောက်၍ အာဏာသိမ်းခဲ့သည့် ၂၀၀၈ အခြေခံဥပဒေမှ ပုဒ်မအချို့ကို အကြောင်းပြ၍ အာဏာသက်တမ်း ထပ်တိုးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မဖြစ်မနေအပြောင်းအလဲပြုလုပ်ရမည့် ရာထူးနေရာများကိုလည်း ၎င်းယုံကြည်ရသည့် လူ ရင်းများဖြင့်အစားထိုးပြီး နိုင်ငံတော်အာဏာသိမ်း သက်တမ်းတိုးမှုကို အပြောင်းအလဲများနှင့် စတင် လိုက်ပြီဖြစ်ကြောင်း ဟန်ပြသဘောလုပ်ဆောင်ခဲ့သည်ဟု နိုင်ငံလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ် ပြောဆိုသည်။

ပုံစာ- ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်က နမ့်ခမ်းပြည်သူ့စစ်တပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးစဉ်(၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *