လောင်းလုံးမွှင်းခါးလေးစားကြပါအုန်း

လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးရန်ကုန်၊ ဖေဖော်ဝါရီ ၁တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှ စတင်၍ နံနက် ၇ နာရီ ၁၅ မိနစ်အထိ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်-ပကဖ ၏ ဒရုန်းတပ်ဖွဲ့တစ်ခုဖြစ်သည့် Hormet UAV Force DPDO၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်း၏ Drone တပ်ဖွဲ့တစ်ခုဖြစ်သည့် Sky Ghost Drone Force နှင့် ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ ထိခိုက်မှုမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *