လားရှိုးကတော့မဟုတ်တော့ဘူး

လားရှိုးမြို့ပေါ်မှာ ပေါက်ကွဲမှု ထပ်မံဖြစ်ပွား++++++++++++++++ဖေဖော်ဝါရီ ၁ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်၈ နမ့်ခုံးဆေးတိုက်အနီးမှာ ဒီကနေ့ ညနေ ၄နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “ဟုတ်တယ် ဗုံးတော့ပေါက်သွားတယ် လူမထိဘူး”လို့ လားရှိုးဒေသခံတစ်ဦးက မောင်းကို ပြောပါတယ်။ လားရှိုးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ၃၀ရက်ကလည်း ဗုံးပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးနဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။ လားရှိုးမှာ လက်နက်ကိုင်အဖွဲ့တွေက ဈေးဆိုင်တွေ၊ ဟိုတယ်တွေဆီ ဆက်ကြေးတောင်းတဲ့ စာတွေ ပို့လေ့ရှိပြီး သတ်မှတ်ချိန်အတွင်း ဆက်ကြေးမပေးပါက ခြိမ်းခြောက်ခံရမှုတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ပုံစာ – ဗုံးပေါက်ကွဲတဲ့နေရာကို ပြည်သူများ ဝိုင်းကြည့်နေပုံ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *