AAကတော့မပြတ်ဆော်နေတာ ၃မြို့အကြာခင်ဆို့အောက်တော့မယ်

မြောက်ဦးရှိ ယဥ်ကျေးမှုအမွေအနှစ်များကို ခိုးယူဖျက်ဆီးနေသည့် ခမရ -၅၄၀ ကို AAသိမ်းပိုက်ခဲ့ပြီး မြို့ကြီး ၃မြို့မှ စစ်စခန်းများကို ရက်ပိုင်းအတွင်းသိမ်းယူနိုင်

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ရှိ ယဥ်ကျေးမှုအမွေအနှစ်များကို ခိုးယူပြီး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ဖျက်ဆီးနေသည့် မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ- ၅၄၀ကို ရက္ခိုင့်တပ်တော် (AA) ကသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ယမန်နေ့ ဇန်နဝါရီ ၃၀ရက်နေ့ ည ၁၁နာရီ ၄၅မိနစ်အချိန်ခန့်က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ခမရ ၅၄၀ကို AAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

မြောက်ဦးမြို့တွင်ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းနှစ်ခုဖြစ်သော ခမရ-၃၇၇နှင့် ခမရ-၃၇၈ တို့ကိုလည်း AA က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်စခန်းများကို ရယူနိုင်ရန်ကြိုးစားလျက်ရှိကြောင်း AAက ထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမှ စစ်ကောင်စီ၏ မင်းပြား ခမရ ၃၈၀၊ ကျောက်တော် ခမရ ၃၇၄တို့ကို AAကသိမ်းယူထားပြီး ယခု မြောက်ဦးမြို့ရှိ ခမရ ၅၄၀ကို ထပ်မံသိမ်းယူ နိုင်ခဲ့ခြင်းဖြစ်သည်။

“ခမရ-၅၄၀ကို ဝင်စီးမိထားတာ လွန်ခဲ့ ၄ရက်လောက်ကပဲ။ ညကမှတပ်တော်ကရ ပြီဆိုတာထုတ်ပြန်တာပေါ့။ ပြီးတော့ ခမရ-၅၄၀ ထဲက တပ်သားတွေနဲ့ မိသားစုဝင် သုံးရာကျော် လေးရာနီးပါး တပ်တော်ဆီမှာ လက်နက်ချတယ်လို့ သတင်း အတိအကျထွက်နေတယ်” ဟု AA စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက ရက္ခိုင့်တပ်တော်AA၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများသည် စစ်တွေသို့ထိုးစစ်ဆင်တက်လာမည်ခန့်မှန်းပြီး မြို့တော်စစ်တွေကို မဆုတ်တမ်းခံစစ်ပြင်၍ တပ်အင်အားများစုထားသော်လည်း AAက ထိုးစစ်ဆင်မှုကို ပုဏ္ဏားကျွန်းမြို့နယ်ရှိစစ်ကောင်စီစခန်းများသို့ ဦးတည်လိုက်သည့်အတွက် စစ်ကောင်စီတပ်စီစဥ်မှုများ ကသောင် းကနင်းဖြစ်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပုဏ္ဏားကျွန်းရှိ ဆားကုန်ပုတ်ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-AA

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *