ကြယ်တွေကြွေပြန်ဘီကွာ

မီး​လောင်း​ချောင်းစစ်တပ်နှင့်ပျူပူး​ပေါင်းစခန်းကို​တော်လှန်​ရေးတပ်ဖွဲ့များတိုက်ခိုက်စီးနင်းပြီးစခန်းကိုမီးရှို့ ၊ နှစ်ဖက်

ထိခိုက်ကျဆုံးမှုရှိ

▪️မောင်းမကန်နယ်မြေရဲစခန်း နှစ်ရက်ဆက် တိုက်ခိုက်ခံရ

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်းချောင်းရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်စခန်း ကို​​တော်လှန်​ရေးအဖွဲ့များ ကစီးနင်းတိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှုရှိပြီး အဆိုပါစခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မီးလောင်ချောင်းတိုက်ပွဲမှာ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စခန်းမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၂၀ ကျော် ၃၀ ဝန်းကျင်လောက်ရှိမယ်။ မီးလောင်ချောင်းစခန်းကို သိမ်းပိုက်နိုင်တဲ့အပြင် မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်ဗျ”ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

ထို့အပြင် မြိတ်ခရိုင် ရင်း(၁)၊ ခွဲ(၃)မှ တပ်ခွဲမှူးအပါအဝင်နှစ်ဦးနှင့် မဟာမိတ်တပ်များမှ ရဲဘော်သုံးဦး စုစုပေါင်း ငါးဦးကျဆုံးခဲ့​ရသည်။

နံနက် ၈နာရီခန့်တွင် မီးလောင်ချောင်းစခန်းအား မီးရှို့ဖျက်ဆီးပြီး အပြီးသတ်ချေမှုန်းနိုင်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် ခလရ(၁၇)သို့ ဒရောသောပါးဆုတ်ခွာ ထွက်ပြေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့နောက် မြိတ်ဘက်မှ တပ်ကူလာသော အင်အားများဖြည့်တင်း၍ စစ်ကောင်စီတပ်များ မီးလောင်ချောင်းကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသည့်အပြင် နံနက် (၈)နာရီခွဲတွင် Mi-2 ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးတိုက် ခိုက်ခဲ့သည်။

ဇန်နဝါရီ ၃၀ ရက် နံနက် ၅ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) အပါအဝင် ပုလောစစ်ကြောင်း-၁၊ တောကြီးမြွေဟောက် တပ်ဖွဲ့၊ ဗိုလ်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပုလောဒေသကာကွယ်ရေးတပ်(PRDF)နှင့် မိကျောင်းစစ်ကြောင်းတို့ပူးပေါင်း၍ မီးလောင်ချောင်းတပ်စခန်းအား စီးနင်းခဲ့ခြင်း ဖြစ်သည်။

“ရဟတ်ယာဥ်နဲ့က ဗုံးသီးအလုံး ၂၀ လောက်ရှိမယ်၊ လာကြဲတာ။ အဲဒီတိုက်ပွဲအတွင်းမှာ ကျနော်တို့ဘက်က ရဲဘော်လေးယောက်ကျတယ်။ ဒဏ်ရာရသူတွေထဲ တစ်ယောက်က စခန်းပြန်ရောက် ညအိပ်ပြီး နောက်တစ် နေ့ (ဇန်နဝါရီ ၃၁)မှာ ဆေးရုံရောက်ပြီးမှ ကျဆုံးသွားတယ်”ဟု မြိတ်ခရိုင် ရင်း(၁)မှ တာဝန်ရှိသူက ကျဆုံးရဲဘော်များအခြေအနေကို ပြောသည်။

အလားတူ မီးလောင်ချောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တပ်သားတစ်ဦး၊ ပျူစောထီးငါးဦးသေဆုံးကာ ယင်းနေ့(ဇန်နဝါရီ ၃၀)နံနက် ၁၀ နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်များ မီးလောင်ချောင်းမှ ဆုတ် ခွာခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

ထိုနောက် စစ်ကောင်စီတပ်များသည် နေ့လယ် ၁၂နာရီဝန်းကျင်အထိ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ တပိုကျေးရွာမှ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရသည့်အပြင် လမ်းပေါ်ရှိယာဉ်မောင်းတစ်ဦး လက် နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

ပုလောဒေသရှိ တော်လှန်ရေး မဟာမိတ်တပ် များသည် စစ်ကောင်စီတပ်အား အပြီးသတ်ချေမှုန်းရန်မှတပါး အခြားမရှိသကဲ့သို့ ဒေသတွင်း တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအ နေဖြင့် တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်များကို တသွေမတိမ်း လေးစား လိုက်နာပေးကြရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

တခြားသတင်းတရပ်အဖြစ် မောင်းမကန်နယ်မြေရဲစခန်းကို မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)ယနေ့(ဖေဖော်ဝါရီ ၁)အသိပေး ထုတ်ပြန်သည်။

ဇန်နဝါရီ ၃၁ရက် နံနက် ၆ နာရီခွဲခန့်က စစ်ကောင်စီတပ်စွဲရာ မောင်းမကန်နယ်မြေရဲစခန်းကို LLPDF ဇုန်(၁)၊ ရွှေသောင်ယံတပ်စု၊ ထားဝယ် ရင်း(၁)Sky Ghost Drone Force၊ ထားဝယ်(ပကဖ)Hornet UAV Force DPDO နှင့် နဂါးနီပြောက်ကျားတပ်တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

အဆိုပါတိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရသွားကြောင်း လောင်းလုံး PDF က အသိပေးသည်။

“အင်အား ၁၅ ကျော် ပုံမှန်နေထိုင်ပြီး တိုက် ခိုက်မှုအပြီး (အင်အား)ဖြည့်တင်းထားတာတွေလည်း ရှိနေပါတယ်”ဟု လောင်းလုံးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီတပ်လှုက်ရှားမှုအခြေအနေကို People’s Spring သို့ ပြောသည်။

အလားတူ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်းမှာလည်း စစ်ကောင်စီရေတပ် စစ်သဘော်ပေါ်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သော်လည်း ပူးပေါင်းတပ်မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

(တနသာ်ရီတိုင်းမှ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- The Tanintharyi Force ၊မြိတ်ခရိုင်တပ်ရင်း( ၁) ၊ (၂) )

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *