ပြည်သူအပိုင်လေဘယ်တော့မှပြန်မပေးဘူး

ရွှေပြည်အေးမြို့သစ်ကို ပြန်လည် ရရှိရေး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် နေပြီး PDF တပ်ပေါင်းစုက မြို့ကို ဆက်လက် ထိန်းချုပ်ထားရန်ကုန်၊ ဖေဖော်ဝါရီ ၂စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်ကို ပြန်လည် ရရှိရေး အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် နေပြီး PDF တပ်ပေါင်းစုက မြို့ကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ခန္တီးခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ဇန်နဝါရီလ ၂၃ ရက်နေ့ကစ၍ ဟုမ္မလင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းမှ ဟောင်ဝင်ဇာ များ၊ ၁၂၀ မမ၊ ၈၁ မမ များဖြင့် ပစ်ခတ်ခြင်း၊ ဂျက်ဖိုက်တာ၊ Mi 2 လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲ တိုက် ခိုက်ခြင်းတို့ လုပ်ဆောင်နေပြီး အကြမ်းဖက်စစ်သား၊ SNA ပူးပေါင်းတပ်ဖွဲ့ဝင်များကလည်း မြေပြင်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ ရွှေပြည်အေးမြို့ကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသဖြင့် မြို့ နှင့် အနီးပတ်ဝန်းကျင်၌ နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ မြေပြင် ထိုးစစ် စစ်ကောင်စီ စစ် ကြောင်းကို ဟုမ္မလင်းမြို့မှ ရဟတ်ယာဉ်ဖြင့် ရိက္ခာ၊ ခဲယမ်း၊ ကျည် ထောက်ပို့ပေးနေကြောင်း သိရ သည်။ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ မြေပြင်ထိုးစစ် အင်အား အများ အပြားအသုံးပြုကာ ရွှေပြည်အေးမြို့ကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသော်လည်း PDF တပ်ပေါင်းစုက ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။အဆိုပါ ရွှေပြည်အေးမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်-၁ စစ်ဒေသ ခန္တီးခရိုင်အမှတ်-၂ တပ်ရင်း အပါအဝင် မဟာမိတ်တပ် များက သိမ်းပိုက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *