ကြည့်ကောင်းလိုက်တာ လမ်းမပေါ် ကားကားကြီး ဘာကောင်ကြီးလဲ

ဆီဆိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အလောင်းများ ပြန့်ကျဲနေပြီး စစ်တပ်နှင့် PNO က မြို့ပြန်ရရေး ထိုးစစ်ဆင်နေ၊ စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြို့ပေါ်ရှိ ပြည်သူ့နေအိမ်များ မီးလောင်ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့၏ အလောင်းများ ပြန့်ကျဲနေပြီး စစ်တပ်နှင့် PNO တပ်များက မြို့ပြန်လည် ရရှိရေး ထပ်မံ ထိုးစစ်ဆင်လာသော်လည်း PNLA နှင့် မဟာမိတ်တပ်များက မြို့ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း‌ PNLA သတင်းရင်းမြစ်က ပြောဆိုသည်။ “ဆီဆိုင်မြို့ရဲ့ မြောက်ဘက်မှာ PNO နဲ့စစ်တပ်က အင်အားယူနေတယ်။ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကတော့ နေ့တိုင်းပဲ။ ပြည်သူတွေအိမ်တွေ မီးလောင်တယ်။ ဆီဆိုင်မြို့ကတော့ PNLA နဲ့ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားဆဲပါပဲ” ဟု PNLA သတင်းရင်းမြစ်က ပြောဆိုသည်။စစ်တပ်နှင့် လက်အောက်ခံ PNO များက ဆီဆိုင်မြို့ကို ပြန်လည် သိမ်းယူနိုင်ရေးအတွက် စစ်ကြောင်းများခွဲ၍ လေ့လာမှုများ ၊ တိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း လေကြောင်းမှလည်းကောင်း၊ လက်နက်ကြီးဖြင့်လည်း ကောင်း ပစ်ခတ်တိုက်ခိုက်မှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဆီဆိုင်မြို့ကို PNLA နှင့်မဟာမိတ်တပ်များက အပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဆီဆိုင်မြို့နယ်ရှိ ခမရ ၄၂၄ တပ်ကို ပအိုဝ်း အမျိုး သား လွတ်မြောက်ရေးတပ်မတော်(PNLA)က သိမ်းပိုက်ခဲ့ပြီး လက် နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဆီဆိုင်မြို့ပေါ်ရှိ ရဲစခန်း ၊ ထွေ/အုပ်ရုံး အပါအဝင် ဌာနဆိုင်ရာရုံးများအားလုံးကို PNLA နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်၍ စစ်ကောင်စီကဆီဆိုင် မြို့ နှင့် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခတ်ခြင်း၊ ဂျက်ဖိုက်တာ ၊ Y12 လေယာဉ်များဖြင့် တနေကုန် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များ ပျက်စီးထိခိုက်မှုရှိခဲ့ကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် အကြမ်းဖက် စစ်တပ်၊ လက်အောက်ခံ PNO ပူးပေါင်း အဖွဲ့နှင့် PNLA/ PNLO တို့အကြား စတင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *