လေးစားဂုဏ်ယူပါတယ်ဒေါ်ဇင်မာအောင်❤️👇👇👇👇👇

ကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတို့ကို လိုလားတောင့်တနေတဲ့ မြန်မာပြည်သူတွေ‌ဘက်က အမေရိကန်အစိုးရဆက်လက် ရပ်တည်ရမယ်လို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Ben Cardin က ပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံ ငြိမ်းချမ်း သာယာတဲ့နိုင်ငံဖြစ်အောင် မျှော်လင့်ချက်ကြီးမားတဲ့ မြန်မာပြည်သူတွေဟာ အမေရိကန်လွှတ်တော်ရဲ့ မိတ်ဆွေ၊ မိတ်ဖက်တွေဖြစ်ပြီး လွှတ်တော်က မြန်မာပြည်သူတွေဘက်က ရပ်တည်လာခဲ့တာ ဟိုးအရင်ထဲက ဖြစ်တယ်လို့ စစ်တပ်အာဏာသိမ်း ၃ နှစ်ပြည့်အတွက် ဥက္ကဋ္ဌ Ben Cardin ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။စစ်အာဏာသိမ်း ၃ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပါဝင်တဲ့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့ သူ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တယ်လို့ ဥက္ကဋ္ဌ Ben Cardin ကပြောပါတယ်။ ရက်စက်တဲ့ စစ်တပ်ဖိနှိပ်သူတွေကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ ရဲရင့်မှု၊ ကြံ့ကြံ့ခံနိုင်စွမ်းတွေအကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သူတို့ကို ဘာတွေနောက်ထပ် ပံ့ပိုးကူညီပေးနိုင်မလဲဆိုတာတွေကို ဒေါ်ဇင်မာအောင်နဲ့ ဆွေးနွေးခဲ့တယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။မေရီလန်းပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ်လည်းဖြစ်တဲ့ အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Ben Cardin ဟာ မြန်မာပြည်သူတွေကို အမေရိကန်က ထောက်ပံ့ကူညီရေး BURMA Act မူကြမ်းကို အဓိက အဆိုပြုတင်သွင်းခဲ့သူဖြစ်ပါတယ်။မြန်မာစစ်တပ်ဟာ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ လူထုအပေါ် ခြိမ်းခြောက် သတ်ဖြတ်မှု၊ အဓမ္မကျင့်မှု၊ ညှဉ်းပန်းရက်စက်မှု၊ ထောင်သွင်းအကျဉ်းချပြီး အကြောက်တရား လွှမ်းမိုးစေတဲ့နည်းတွေကို ဆက်လက်ကျင့်သုံးနေတယ်လို့ သူကထောက်ပြပါတယ်။ မြန်မာပြည်သူတွေကတော့ NUG ရဲ့ဦးဆောင်မှုအောက်မှာအပါအဝင် လွတ်လပ်မှုအတွက် အာဏာရှင်စနစ်ကို ဘယ်တုန်းကမှနဲ့ မတူတဲ့နည်းလမ်းတွေနဲ့ စည်းစည်းလုံးလုံး ဆန့်ကျင်နေကြတယ်လို့ အမေရိကန် အထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ Ben Cardin ကသူ့ရဲ့ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Ben Cardin နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *