လျှပ်တစ်ပြတ် ရိုက်ချက်(ရုပ်/သံ)

ဆားလင်းကြီးရဲစခန်းအနီးရှိ ရဲအင်အား ၁၀ ဉီးခန့်ရှိတဲ့ ဘန်ကာကို တော်လှန်ရေးတပ်တွေ အလစ်ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

++++++++++++++++++++++++++

ဖေဖော်ဝါရီ ၃ ရက်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းအနီးရှိ ရဲအင်အား ၁၀ ဉီးခန့်ရှိတဲ့ ဘန်ကာကို တော် လှန်ရေးတပ်တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၁၆မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၃၁ ရက် နံနက် ၁၁ နာရီ ၄၀ ဝန်းကျင်ခန့်က ဆားလင်းကြီးရဲစခန်းအနီးရှိ ဘန်ကာကို RPG 7 နဲ့ အလစ်တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း RPG 7 ပြသနာဖြစ်ပြီး ရန်သူက အရင်စတင်ပစ်ခတ်တဲ့အတွက် ၄၀ မမ၊ ၆၀ မမ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

၆၀ မမလက်နက်ကြီးကျည် ၂ လုံး ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ရဲ ၃ ဉီး ထိခိုက်ဒဏ်ရာရရှိသွားကာ ၁ ဉီး ဒဏ်ရာပြင်းထန်တဲ့အတွက် သေဆုံးသွားတယ်လို့ ဖရဲသီးသတင်းအရ သိရကြောင်း ထုတ်ပြန်ထားပါတယ်။

အထက်ပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်(၁၆)တပ်ရင်း၊ တပ်ခွဲ(၁) Brother Defence force၊ တပ်ခွဲ(၂) One Star Task Force၊ တပ်ခွဲ(၃) သမန်းကျားပျောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ(၄) Salingyi Revolution Eagles Task Forceနဲ့ ဆားလင်းကြီးကျေးရွာ တပ်ပေါင်းစုတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

++++++++++++++++++++++++++
ဖေဖော်ဝါရီ ၃ ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *