အပြေးမြန်လိုက်ကြတာ ထိပ်တိုက်တောင်မတွေ့ရဲဘူး

မြင်းခြံမြို့နယ် တဲကုန်းရွာရှိ အကြမ်းဖက်စစ်သားတွေ စခန်းချထားတဲ့ ပျူအုပ်ကြီးအိမ်ကို ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

+++++++++++++++++++

ဖေဖော်ဝါရီ ၃ ရက်

မန္တလေးတိုင်း မြင်းခြံမြို့နယ် တဲကုန်းရွာရှိ အကြမ်းဖက်စစ်သားတွေ စခန်းချထားတဲ့ ပျူစောထီး အုပ်ကြီးအိမ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး ရှင်းလင်းခဲ့တယ်လို့ NDA MDYမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်ခန့်က တဲကုန်းရွာရှိ အကြမ်းဖက်စစ်သားတွေ စခန်း ချထားတဲ့ ပျူစောထီးအုပ်ကြီး အိမ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ် သားနဲ့ ပျူစောထီးတွေ ထွက်ပြေးတိမ်းရှောင်သွားပြီး နေအိမ်ကို ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို Trayli Karli Attacking &Producton တပ်ခွဲ ၂ ၊ မန္တလေးလရိုင်တပ်ရင်း ၅ ၊ MGN 35 ပြောက်ကျားတပ်ဖွဲ့၊ SLK ရေလယ်ကျွန်း LPDF ၊ KNT ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များမှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *