လှိုင်သာယာရှိ KNU/ KNLA ( PC )မှ ဗိုလ်မှူး၏ နေအိမ်ကို ဗုံးဖြင့်တိုက် ခိုက်မှု ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ ၊ ကျူးကျော် မြေယာရှင်းလင်းသည့် ကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ကြီးနှင့် ပျူစောထီးတို့က ဗုံးပြန်ခွဲဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာရှိ KNU/ KNLA ( PC ) ဗိုလ်မှူး၏ နေအိမ်တွင် ဖေဖော်ဝါရီလ ၂ရက်နေ့ညပိုင်း ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ လူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၇ နာရီကျော်အချိန်လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာရှိ KNU/ KNLA ( PC ) ဗိုလ်မှူး၏ နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှု မဖြစ်ခင် အဆိုပါ နေအိမ်၌ ဝါဝါဝင်းကုမ္ပဏီ၏ တာဝန်ခံတစ်ဦး နှင့် KNU/KNLA ( PC ) ဗိုလ်မှူးတို့ ဆွေးနွေးစကားပြောနေခဲ့ကြကြောင်း၊ စကားပြောဆိုနေသည့်အချိန် အအေးဘူးခွံအရွယ်အစားနှင့် ကြွပ်ကြွပ်အိတ်အဖြူရောင် ပတ်ထားသည့် လက်လုပ်ဗုံးတစ်ခုဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း၊ ထို ပေါက်ကွဲမှုကြောင့် မြေယာများ သိမ်းဆည်းထားသူ ဝါဝါဝင်းကုမ္ပဏီတာဝန်ခံကိုသက်မှာ ဗိုက်ပေါက်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း၊ ဝါဝါဝင်းကုမ္ပဏီမှ ၂ ဦးနှင့် KNU/KNLA(PC) ဗိုလ်မှူး၏ အမျိုးသမီး၊ သမီးငယ်နှင့် တူမ တို့ စုစုပေါင်း ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
“သူက နေအိမ်လည်းဟုတ်တယ်။ အရက်ဆိုင်လည်း ဟုတ်တယ်။ ရွှေအိမ်စည်အရက်ဆိုင်။ ဝါဝါဝင်းကုမ္ပဏီက လှိုင်သာယာမှာ သူတို့ ဝယ်ထားတဲ့ မြေယာတွေအတွက် ကျူးရှင်းလင်းရေးလုပ်နေတာရှိတယ်။ အဲဒါ ပျူစောထီးနဲ့ အုပ်ကြီးတွေက မကျေနပ်ဘူး။ ကျူးရှင်းတာ သူတို့ကို မသုံးလို့ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လှိုင်သာယာတွင် ဝါဝါဝင်း ကုမ္ပဏီက ယခုရက်ပိုင်းအတွင်း ကျူးကျော်များကို စီမံကိန်းဖြင့် ရှင်းလင်းနေကြောင်း၊ ထို့ကြောင့် ဗုံးပေါက်ကွဲမှုသည် စစ်ကောင်စီထောက်တိုင် ရပ်ကွက် အုပ်ကြီးနှင့် ပျူစောထီးများက ကျူးကျော်ရှင်းလင်းရာတွင် ၎င်းတို့ကို ကျော်လွန်၍ လုပ်ဆောင်သည့်အတွက် ပြန်လည် ဗုံးဖောက်ခွဲခြင်းဖြစ်သည်ဟု သုံးသပ် ပြောဆိုမှုများရှိနေကြောင်း သိရှိရသည်။
လႈိင္သာယာရွိ KNU/ KNLA ( PC )မွ ဗိုလ္မႉး၏ ေနအိမ္ကို ဗုံးျဖင့္တိုက္ ခိုက္မႈ ၁ ဦးေသဆုံးၿပီး ၅ ဦးဒဏ္ရာရ ၊ က်ဴးေက်ာ္ ေျမယာရွင္းလင္းသည့္ ကိစၥႏွင့္ပတ္သက္၍ ရပ္ကြက္အုပ္ႀကီးႏွင့္ ပ်ဴေစာထီးတို႔က ဗုံးျပန္ခြဲဟုဆို
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၃
ရန္ကုန္တိုင္း၊ လႈိင္သာယာအေနာက္ပိုင္းၿမိဳ႕နယ္၊ အျပင္ပဒံေက်း႐ြာရွိ KNU/ KNLA ( PC ) ဗိုလ္မႉး၏ ေနအိမ္တြင္ ေဖေဖာ္ဝါရီလ ၂ရက္ေန႔ညပိုင္း ဗုံးေပါက္ကြဲမႈ တစ္ခုျဖစ္ပြားခဲ့ၿပီး လူ ၁ ဦးေသဆုံးကာ လူ ၅ ဦးခန႔္ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရွိရသည္။
ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ ည ၇ နာရီေက်ာ္အခ်ိန္လႈိင္သာယာအေနာက္ပိုင္းၿမိဳ႕နယ္၊ အျပင္ပဒံေက်း႐ြာရွိ KNU/ KNLA ( PC ) ဗိုလ္မႉး၏ ေနအိမ္တြင္ ဗုံးေပါက္ကြဲခဲ့ေၾကာင္း၊ ဗုံးေပါက္ကြဲမႈ မျဖစ္ခင္ အဆိုပါ ေနအိမ္၌ ဝါဝါဝင္းကုမၸဏီ၏ တာဝန္ခံတစ္ဦး ႏွင့္ KNU/KNLA ( PC ) ဗိုလ္မႉးတို႔ ေဆြးေႏြးစကားေျပာေနခဲ့ၾကေၾကာင္း၊ စကားေျပာဆိုေနသည့္အခ်ိန္ အေအးဘူးခြံအ႐ြယ္အစားႏွင့္ ႂကြပ္ႂကြပ္အိတ္အျဖဴေရာင္ ပတ္ထားသည့္ လက္လုပ္ဗုံးတစ္ခုျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခံရေၾကာင္း၊ ထို ေပါက္ကြဲမႈေၾကာင့္ ေျမယာမ်ား သိမ္းဆည္းထားသူ ဝါဝါဝင္းကုမၸဏီတာဝန္ခံကိုသက္မွာ ဗိုက္ေပါက္ခဲ့ၿပီး ေသဆုံးသြားခဲ့ေၾကာင္း၊ ဝါဝါဝင္းကုမၸဏီမွ ၂ ဦးႏွင့္ KNU/KNLA(PC) ဗိုလ္မႉး၏ အမ်ိဳးသမီး၊ သမီးငယ္ႏွင့္ တူမ တို႔ စုစုေပါင္း ၅ ဦးဒဏ္ရာရရွိေၾကာင္း သိရွိရသည္။
“သူက ေနအိမ္လည္းဟုတ္တယ္။ အရက္ဆိုင္လည္း ဟုတ္တယ္။ ေ႐ႊအိမ္စည္အရက္ဆိုင္။ ဝါဝါဝင္းကုမၸဏီက လႈိင္သာယာမွာ သူတို႔ ဝယ္ထားတဲ့ ေျမယာေတြအတြက္ က်ဴးရွင္းလင္းေရးလုပ္ေနတာရွိတယ္။ အဲဒါ ပ်ဴေစာထီးနဲ႔ အုပ္ႀကီးေတြက မေက်နပ္ဘူး။ က်ဴးရွင္းတာ သူတို႔ကို မသုံးလို႔ ” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
လႈိင္သာယာတြင္ ဝါဝါဝင္း ကုမၸဏီက ယခုရက္ပိုင္းအတြင္း က်ဴးေက်ာ္မ်ားကို စီမံကိန္းျဖင့္ ရွင္းလင္းေနေၾကာင္း၊ ထို႔ေၾကာင့္ ဗုံးေပါက္ကြဲမႈသည္ စစ္ေကာင္စီေထာက္တိုင္ ရပ္ကြက္ အုပ္ႀကီးႏွင့္ ပ်ဴေစာထီးမ်ားက က်ဴးေက်ာ္ရွင္းလင္းရာတြင္ ၎တို႔ကို ေက်ာ္လြန္၍ လုပ္ေဆာင္သည့္အတြက္ ျပန္လည္ ဗုံးေဖာက္ခြဲျခင္းျဖစ္သည္ဟု သုံးသပ္ ေျပာဆိုမႈမ်ားရွိေနေၾကာင္း သိရွိရသည္။