ကျောက်ဖြူတွင် စစ်သားများ လက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် စာကပ်
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူကခွင့်လွှတ်စာနာချိန်တွင် လက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန်သတိပေးစာကိုယနေ့မနက်ပိုင်းကကပ်ထားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါသတိပေးစာဆိုင်းဘုတ်တခုကို ဂုံးချွိန်အုပ်စု၊ ကျောက်ဖြူ-ရန်ကုန်လမ်းမကြီးတစ်နေရာတွင် ယနေ့ဖေဖော်ဝါရီ ၃ ရက်မနက်ပိုင်းက ကပ်ထားပြီး စာအောက်ခြေတွင် စကစတပ်ဖွဲ့ဝင်များကိုစာနာသူ တစ်ဦးဟုရေးထားကြောင်း ဒေသခံများက ပြောသည်။
” ဂုံးချွိန်အုပ်စုထဲက ရန်ကုန်-ကျောက်ဖြူလမ်းမကြီးတစ်နေရာမှာ အဲဒီစာကပ်ထားတာပါ။ အရင်နေ့ တွေကတော့ မရှိဘူး။အခုမနက်ပိုင်း လာကပ်ထားခဲ့တာဖြစ်မယ်ထင်တယ်” ဟု ဂုံးချွိန်အုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။
သတိပေးစာထဲတွင် စစ်ကောင်စီအဖွဲ့ဝင်များအနေဖြင့် မိမိတို့တိုက်ခိုက်နေသည်မှာ ပြည်သူ အတွက်လား၊ စစ်ကောင်စီအတွက်လားဆိုသည်ကို စဥ်းစားကြရန် ကနဦးရေးသားထားသည်။
ပြည်သူကိုကာကွယ်ပေးသည့်စစ်သားများမဟုတ်၍ ရောက်ရာအရပ်၌ပြည်သူက ဝမ်းပန်းတသာ မကြိုဆိုခြင်းဖြစ်ကြောင်း၊ စစ်ဆင်ရေးနယ်မြေများတွင် တော်လှန်ရေးအင်အားစုများ၏ သတင်းများအား မည်သည့်ပြည်သူကမှ လိုလိုလားလားမပေးသည်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များအသိဆုံးပင် ဖြစ်ကြောင်းလည်း ရေးသားထားသည်။
” မင်းတို့ရဲ့အသိတရားနှင့် ပြည်သူ့ရင်ခွင်သို့ ဝင်လာပါ။ ပြည်သူနှင့်ပူးပေါင်းပါ။ မင်းတို့နှင့်နီးစပ်ရာ ULA/AA ထံ လက်နက်ချအလင်းဝင်ပြီး ပြည်သူ့တော်လှန်ရေးနှင့် အမြန်ဆုံး ပူးပေါင်းပါ” ဟု ရေးသားထားသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် မိမိနှင့်မိသားစု၏ တန်ဖိုးရှိသည့်အချိန်များအား မင်းအောင်လှိုင်နှင့် အထက်အရာရှိများ စည်းစိမ်ယစ်မူးဖို့ အသက်ပေးနေခြင်းများကို ရပ်တန့်ဖို့နှင့် ပြည်သူက ခွင့်လွှတ် စာနာချိန် ပြည်သူရင်ခွင်အမြန်ဆုံး ခိုလှုံကြဖို့ရေးသားထားသည်။
ထိုသတိပေးစာကို ယနေ့မနက် ၈ နာရီ ၅၀ မိနစ်လောက်က စစ်ကားတစ်စီးဖြင့်လာရောက်သည့် စစ်သားများက ဖြုတ်သိမ်းကာ “အားလုံးကိုပစ်သတ်ပစ်မည်” ဟု ခြိမ်းခြောက်သွားကြောင်း မျက်မြင်ဒေသခံတစ်ဦးကပြောသည်။
” စစ်ကားတစ်စီးနဲ့ စစ်သားတွေလာပြီး အဲဒီစာကိုဖြုတ်သွားပါတယ်။ ပြီးတော့စာကိုကပ်တဲ့ လူရော၊ ဖတ်ကြည့်တဲ့လူတွေပါ အကုန်လုံးပစ်သတ်မယ်လို့ ပြောပါတယ်။ စာကပ်တဲ့လူတွေကိုလည်း မအေနဲ့ကိုင်ပြီးဆဲဆိုသွားကြပါတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
ကျောက်ဖြူမြို့နယ် မလကျွန်း ၊ပြင်ရှည်ရွာသစ်နှင့် ကျောက်ဖြူတောင်ကြားရှိ ရေမျက်တွင် စစ်ကောင်စီနဲ့ရက္ခိုင့်တပ်တော်တို့ ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းကတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ်(၃၂)ဒိုးတန်းတောင်ရဲတပ်ရင်းတို့က လက်နက် ကြီးရမ်းသန်းပစ်ခတ်ခဲ့ရာ ဒေသခံ အနည်းဆုံး(၆)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ဖေဖော်ဝါရီလ ၂ ရက်၊ ည ၆ နာရီလောက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာဘက်မှ သေနတ်ပစ်ခတ်သံများဆက်တိုက်ကြားရသည့်အတွက် အနီးအနားကျေးရွာများမှဒေသခံများမှာ ဘေးလွတ်ရာကျေးရွာများသို့ထွက်ပြေးတိမ်းရှောင်မှုရှိနေကြောင်း သိရသည်
ေက်ာက္ျဖဴၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ျပည္သူကခြင့္လႊတ္စာနာခ်ိန္တြင္ လက္နက္ခ်ၿပီး ျပည္သူ႔ရင္ခြင္ခိုလႈံၾကရန္သတိေပးစာကိုယေန႔မနက္ပိုင္းကကပ္ထားခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါသတိေပးစာဆိုင္းဘုတ္တခုကို ဂုံးခြၽိန္အုပ္စု၊ ေက်ာက္ျဖဴ-ရန္ကုန္လမ္းမႀကီးတစ္ေနရာတြင္ ယေန႔ေဖေဖာ္ဝါရီ ၃ ရက္မနက္ပိုင္းက ကပ္ထားၿပီး စာေအာက္ေျခတြင္ စကစတပ္ဖြဲ႕ဝင္မ်ားကိုစာနာသူ တစ္ဦးဟုေရးထားေၾကာင္း ေဒသခံမ်ားက ေျပာသည္။
” ဂုံးခြၽိန္အုပ္စုထဲက ရန္ကုန္-ေက်ာက္ျဖဴလမ္းမႀကီးတစ္ေနရာမွာ အဲဒီစာကပ္ထားတာပါ။ အရင္ေန႔ ေတြကေတာ့ မရွိဘူး။အခုမနက္ပိုင္း လာကပ္ထားခဲ့တာျဖစ္မယ္ထင္တယ္” ဟု ဂုံးခြၽိန္အုပ္စုမွ ေဒသခံတစ္ဦးက ေျပာသည္။
သတိေပးစာထဲတြင္ စစ္ေကာင္စီအဖြဲ႕ဝင္မ်ားအေနျဖင့္ မိမိတို႔တိုက္ခိုက္ေနသည္မွာ ျပည္သူ အတြက္လား၊ စစ္ေကာင္စီအတြက္လားဆိုသည္ကို စဥ္းစားၾကရန္ ကနဦးေရးသားထားသည္။
ျပည္သူကိုကာကြယ္ေပးသည့္စစ္သားမ်ားမဟုတ္၍ ေရာက္ရာအရပ္၌ျပည္သူက ဝမ္းပန္းတသာ မႀကိဳဆိုျခင္းျဖစ္ေၾကာင္း၊ စစ္ဆင္ေရးနယ္ေျမမ်ားတြင္ ေတာ္လွန္ေရးအင္အားစုမ်ား၏ သတင္းမ်ားအား မည္သည့္ျပည္သူကမွ လိုလိုလားလားမေပးသည္ကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားအသိဆုံးပင္ ျဖစ္ေၾကာင္းလည္း ေရးသားထားသည္။
” မင္းတို႔ရဲ႕အသိတရားႏွင့္ ျပည္သူ႔ရင္ခြင္သို႔ ဝင္လာပါ။ ျပည္သူႏွင့္ပူးေပါင္းပါ။ မင္းတို႔ႏွင့္နီးစပ္ရာ ULA/AA ထံ လက္နက္ခ်အလင္းဝင္ၿပီး ျပည္သူ႔ေတာ္လွန္ေရးႏွင့္ အျမန္ဆုံး ပူးေပါင္းပါ” ဟု ေရးသားထားသည္ဟု သိရသည္။
စစ္ေကာင္စီတပ္ဖြဲ႕မ်ားအေနျဖင့္ မိမိႏွင့္မိသားစု၏ တန္ဖိုးရွိသည့္အခ်ိန္မ်ားအား မင္းေအာင္လႈိင္ႏွင့္ အထက္အရာရွိမ်ား စည္းစိမ္ယစ္မူးဖို႔ အသက္ေပးေနျခင္းမ်ားကို ရပ္တန႔္ဖို႔ႏွင့္ ျပည္သူက ခြင့္လႊတ္ စာနာခ်ိန္ ျပည္သူရင္ခြင္အျမန္ဆုံး ခိုလႈံၾကဖို႔ေရးသားထားသည္။
ထိုသတိေပးစာကို ယေန႔မနက္ ၈ နာရီ ၅၀ မိနစ္ေလာက္က စစ္ကားတစ္စီးျဖင့္လာေရာက္သည့္ စစ္သားမ်ားက ျဖဳတ္သိမ္းကာ “အားလုံးကိုပစ္သတ္ပစ္မည္” ဟု ၿခိမ္းေျခာက္သြားေၾကာင္း မ်က္ျမင္ေဒသခံတစ္ဦးကေျပာသည္။
” စစ္ကားတစ္စီးနဲ႔ စစ္သားေတြလာၿပီး အဲဒီစာကိုျဖဳတ္သြားပါတယ္။ ၿပီးေတာ့စာကိုကပ္တဲ့ လူေရာ၊ ဖတ္ၾကည့္တဲ့လူေတြပါ အကုန္လုံးပစ္သတ္မယ္လို႔ ေျပာပါတယ္။ စာကပ္တဲ့လူေတြကိုလည္း မေအနဲ႔ကိုင္ၿပီးဆဲဆိုသြားၾကပါတယ္” ဟု ေဒသခံအမ်ိဳးသမီးတစ္ဦးကေျပာသည္။
ေက်ာက္ျဖဴၿမိဳ႕နယ္ မလကြၽန္း ၊ျပင္ရွည္႐ြာသစ္ႏွင့္ ေက်ာက္ျဖဴေတာင္ၾကားရွိ ေရမ်က္တြင္ စစ္ေကာင္စီနဲ႔ရကၡိဳင့္တပ္ေတာ္တို႔ ေဖေဖာ္ဝါရီလ ၁ ရက္ မနက္ပိုင္းကတိုက္ပြဲျပင္းထန္ျဖစ္ပြားခဲ့သည္။
တိုက္ပြဲအတြင္း ဓညဝတီေရတပ္ဌာနခ်ဳပ္ႏွင့္ အမွတ္(၃၂)ဒိုးတန္းေတာင္ရဲတပ္ရင္းတို႔က လက္နက္ ႀကီးရမ္းသန္းပစ္ခတ္ခဲ့ရာ ေဒသခံ အနည္းဆုံး(၆)ဦးခန႔္ ထိခိုက္ဒဏ္ရာရရွိခဲ့သည္။
ယမန္ေန႔ေဖေဖာ္ဝါရီလ ၂ ရက္၊ ည ၆ နာရီေလာက္ကလည္း တိုက္ပြဲျဖစ္ပြားခဲ့ရာေနရာဘက္မွ ေသနတ္ပစ္ခတ္သံမ်ားဆက္တိုက္ၾကားရသည့္အတြက္ အနီးအနားေက်း႐ြာမ်ားမွေဒသခံမ်ားမွာ ေဘးလြတ္ရာေက်း႐ြာမ်ားသို႔ထြက္ေျပးတိမ္းေရွာင္မႈရွိေနေၾကာင္း သိရသည္