မပြည့်စုံတဲ့ကြားက ခဝေး၅ကောင်ငရဲပို့ခဲ့တဲ့အညာသားတွေ

မြင်းခြံမြို့နယ်၊ စံပြရွာ၊ လေးရွာဆုံရွာနှင့် ကျောက်ကန်ရွာရှိ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီ ၃ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြရွာ၊ လေးရွာဆုံရွာနှင့် ကျောက်ကန်ရွာရှိ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း Myingyan Black Tiger – MBT ခေါင်းဆောင်ဗိုလ်မိုက်ခဲနှင့် နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံတို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက် ညနေ ၄ နာရီမိနစ် ၃၀ ခန့်က မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ စစ် ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးပြီး သေဆုံး သွားသော စစ်ကောင်စီတပ်သားများထံမှ လက်နက်ဝင်ရောက်ရင်း Myingyan Black Tiger – MBT တပ်ဖွဲ့မှ ရဲဘော် ဝိုင်းချစ်မင်း(ခ) ရဲဘော် ကုလားလေး ကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိသော်လည်း MA 3 သေနတ် ၃ လက်၊ ကာဘိုင်သေနတ် ၁ လက်နှင့် Mytel တာဝါတိုင် ဆီဖြည့်ရန်လာသည့် ကားတစ်စီး နှင့် ဆီပေပါ ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။“စစ်ခွေးတွေ တော်တော်ပြုတ်နေလို့ ဂန်းကို တက်ကောက်တာ၊ ဂန်းကိုတော့ ကောက်နိုင်ခဲ့တယ်၊ ဂန်းရပြီးတော့ နောက်ကို ပြန်အဆုတ်ခေါင်းမှန်တာ၊ အဲဒီမှာ ဘယ်လိုမှ မရတော့တာ၊ အဲဒီမှာ မဟာမိတ်တစ်ယောက်က သူ့ကို ဆွဲတော့ဆွဲတယ်၊ ဆွဲလို့မရတော့ သူ့ဂန်းရယ်၊ ခွေးဆီက ကောက် လာတဲ့ MA ၁ လက်ရယ်ကောက်ပြီး ပြန်ပြေးလာခဲ့ရတာ၊ အဲဒီမှာ သူ့လည်းခြေထောက်ထိသွားတာ၊ ကောက်လို့မရတဲ့ လက်နက်တွေလည်းအများကြီးကျန်ခဲ့တယ်၊ စက်လတ်နဲ့လိုက်ပစ်နေလို့၊ ကျနော် တို့တွေဘဝက အသက်ထက် လက်နက်ကို မက်နေရတဲ့ဘဝ၊ လက်နက်သာပြည့်စုံရင် ကျနော်တို့ အညာကခဏလေးပဲ ပြီးမှာ” ဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။အဆိုပါ တိုက်ပွဲအတွင်း စစ်ကူပေးရန် လာရောက်သည့် ကားကို တော်လှန်ရေးအင်အားစုမှ ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ ကားမှာ လမ်းဘေးထိုးကျသွားပြီး ရှေ့ဆက်မတိုးနိုင်တော့ပဲ အဝေးမှနေ၍ စံပြကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူများ ထွက် ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။ထို့ပြင် ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်းက မြင်းခြံမြို့နယ်၊ လေးရွာဆုံရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Fixed Wings လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ကျောက်ကန် ရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း Fixed Wing ဒရုန်းဖြင့် ဗုံးသီး ၇ လုံး၊ လက်လုပ် ၆၀ မမ ဖြင့် ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှု ၂ ခုအတွင်း စစ်ကောင်စီတပ်သား ၅ ခန့်သေဆုံးခဲ့ကြောင်း သိရသည်။“ကျောက်ကန်ရွာနဲ့ လေးရွာဆုံရွာ ထိခိုက်မှုက စစ်ခွေး ၅ ကောင်လောက်သေတယ်။ ဒီထက်လည်းပိုနိုင်တယ်။ ကျောက်ကန်ရွာက ချတာ အများကြီးပဲ စံပြရွာတိုက်ပွဲကတော့ ၁၀ ဦးသေတာ” ဟု နွားထိုးကြီးမြို့ နယ်သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *