တောင်ပိုင်းမှာလည်းပွဲတွေခပ်စိပ့်စိပ့် ဆက်လာ

သိမ်ဇရပ်မြို့ရှိ စစ်တပ်၏ လုံခြုံရေးဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ လုံခြုံရေးဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Yangon Eagles (EB) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ခလရ ၂၀၇ အနီး ကျောက်မိုင်းတွင်းရှိ စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီး အင်အား ၅၀ ခန့် ပူးပေါင်း တပ်စွဲထားသော လုံခြုံရေးဂိတ်ကို Yangon Eagles (EB) နှင့် ပူးပေါင်း မဟာမိတ်အဖွဲ့များက ၆၀ မမ‌ စိန်ပြောင်းများ၊ ၄၀ မမ ဗုံးပစ်လောင်ချာများ၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ခိုက်မှုကြောင့် ရန်သူစစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတော့ရှိတယ်” ဟု Yangon Eagles (EB) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU ၊ Yangon Eagles(EB) ၊ IAF(Iron Adventures Force) ၊ ကျိုက်ထို ပကဖ နှင့် သိမ်ဇရပ် ပကဖ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိမ္ဇရပ္ၿမိဳ႕ရွိ စစ္တပ္၏ လုံၿခဳံေရးဂိတ္ကို လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္မႈ စစ္ေကာင္စီ တပ္သား ၃ ဦးေသဆုံးၿပီး ၁၀ ဦးထက္မနည္း ဒဏ္ရာရ
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၃
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ သိမ္ဇရပ္ၿမိဳ႕ရွိ အၾကမ္းဖက္ စစ္တပ္၏ လုံၿခဳံေရးဂိတ္ကို လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္ရာ စစ္ေကာင္စီ တပ္သား ၃ ဦးေသဆုံးၿပီး ၁၀ ဦးထက္မနည္း ဒဏ္ရာရရွိခဲ့ေၾကာင္း Yangon Eagles (EB) အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ က်ိဳက္ထိုၿမိဳ႕နယ္၊ သိမ္ဇရပ္ၿမိဳ႕ ခလရ ၂၀၇ အနီး ေက်ာက္မိုင္းတြင္းရွိ စစ္ေကာင္စီ တပ္သားမ်ားႏွင့္ ပ်ဴေစာထီး အင္အား ၅၀ ခန႔္ ပူးေပါင္း တပ္စြဲထားေသာ လုံၿခဳံေရးဂိတ္ကို Yangon Eagles (EB) ႏွင့္ ပူးေပါင္း မဟာမိတ္အဖြဲ႕မ်ားက ၆၀ မမ‌ စိန္ေျပာင္းမ်ား၊ ၄၀ မမ ဗုံးပစ္ေလာင္ခ်ာမ်ား၊ လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
တိုက္ခိုက္မႈအတြင္း အၾကမ္းဖက္ စစ္ေကာင္စီ တပ္သား ၃ ဦး ေသဆုံးကာ ၁၀ ဦးထက္မနည္း ထိခိုက္ဒဏ္ရာရွိၿပီး အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားက လက္နက္ႀကီးမ်ားျဖင့္ ျပန္လည္ပစ္ခတ္ခဲ့ေၾကာင္း သိရွိရသည္။
“တိုက္ခိုက္မႈေၾကာင့္ ရန္သူစစ္ေကာင္စီ တပ္သား ၃ ဦး ေသဆုံးၿပီး ၁၀ ဦးထက္မနည္း ထိခိုက္ဒဏ္ရာရွိခဲ့ပါတယ္။ စစ္ေခြးေတြက လက္နက္ႀကီးေတြနဲ႔ ျပန္လည္ပစ္ခတ္တာေတာ့ရွိတယ္” ဟု Yangon Eagles (EB) အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။
အဆိုပါ တိုက္ခိုက္မႈကို KNU ၊ Yangon Eagles(EB) ၊ IAF(Iron Adventures Force) ၊ က်ိဳက္ထို ပကဖ ႏွင့္ သိမ္ဇရပ္ ပကဖ တို႔က ပူးေပါင္း ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *