မအိပ်ခင်မွှင်းခါး ၇ပွဲအဝကြိတ်

ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သား အလောင်း ၇ လောင်းနှင့် လက်နက် ၃ လက်သိမ်းဆည်းရရှိ

■ တပ်ပျက်၍ ထွက်ပြေးနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များ လိုက်လံ တိုက်ခိုက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သား အလောင်း ၇ လောင်းနှင့် လက်နက် ၃ လက်သိမ်းဆည်းရရှိထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှ စ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ရွှေပြည်အေးမြို့ကို အကြမ်းဖက်စစ်တပ်နှင့် SNA ပူပေါင်းအဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ရက်ရှည်ဖြစ်ပွားခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်ကောင်စီ တပ်သား အားလုံး တပ်ပျက်ကာ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ ဆုတ်ခွာရာ လမ်းကြောင်းများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ ပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ် စစ်သား အလောင်း ၇ လောင်း၊ သေနတ် ၃ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိကာ ရွှေပြည်အေးမြို့ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခန္တီးခရိုင် တပ်ရင်းများနှင့် ပကဖ အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ေ႐ႊျပည္ေအးၿမိဳ႕ တိုက္ပြဲအတြင္း စစ္တပ္ဘက္မွ ထိခိုက္ေသဆုံးမႈ မ်ားျပားၿပီး စစ္သား အေလာင္း ၇ ေလာင္းႏွင့္ လက္နက္ ၃ လက္သိမ္းဆည္းရရွိ
■ တပ္ပ်က္၍ ထြက္ေျပးေနေသာ စစ္သားမ်ားကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ား လိုက္လံ တိုက္ခိုက္ေန
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၃
စစ္ကိုင္းတိုင္း၊ ခႏၲီးခ႐ိုင္၊ ဟုမၼလင္းၿမိဳ႕နယ္၊ ေ႐ႊျပည္ေအးၿမိဳ႕ တိုက္ပြဲအတြင္း အၾကမ္းဖက္ စစ္တပ္ဘက္မွ ထိခိုက္ေသဆုံးမႈ မ်ားျပားၿပီး စစ္သား အေလာင္း ၇ ေလာင္းႏွင့္ လက္နက္ ၃ လက္သိမ္းဆည္းရရွိထားေၾကာင္း NUG ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။
ဇန္နဝါရီလ ၁၃ ရက္ေန႔မွ စ၍ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား ထိန္းခ်ဳပ္ထားသည့္ ေ႐ႊျပည္ေအးၿမိဳ႕ကို အၾကမ္းဖက္စစ္တပ္ႏွင့္ SNA ပူေပါင္းအဖြဲ႕က ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ရာ တိုက္ပြဲ ရက္ရွည္ျဖစ္ပြားခဲ့ၿပီး ယေန႔ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔တြင္ စစ္ေကာင္စီ တပ္သား အားလုံး တပ္ပ်က္ကာ ဆုတ္ခြာ ထြက္ေျပးသြားေၾကာင္း သိရသည္။
ထိုသို႔ ထြက္ေျပးသြားေသာ အၾကမ္းဖက္ စစ္ေကာင္စီတပ္သားမ်ား ဆုတ္ခြာရာ လမ္းေၾကာင္းမ်ားကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက လိုက္လံ ပိတ္ဆို႔ တိုက္ခိုက္လ်က္ရွိေၾကာင္း၊ ေတာ္လွန္ေရး တပ္ဖြဲ႕မ်ား နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္စဥ္ စစ္သား အေလာင္း ၇ ေလာင္း၊ ေသနတ္ ၃ လက္ႏွင့္ ခဲယမ္းမီးေက်ာက္မ်ား သိမ္းဆည္းရရွိကာ ေ႐ႊျပည္ေအးၿမိဳ႕ကို အျပည့္အဝ ျပန္လည္ ထိန္းခ်ဳပ္ထားေၾကာင္း NUG ကာကြယ္ေရးဝန္ႀကီးဌာနက အသိေပး ထုတ္ျပန္ထားသည္။
အဆိုပါ တိုက္ခိုက္မႈကို အမွတ္ ၁ စစ္ေဒသကြပ္ကဲမႈျဖင့္ စစ္ကိုင္းတိုင္း အထူးတပ္ရင္းမ်ား၊ ခႏၲီးခ႐ိုင္ တပ္ရင္းမ်ားႏွင့္ ပကဖ အဖြဲ႕မ်ားက ပူးေပါင္းလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *