နောက်ခံပုံကပုဇင်းကင်လေးလှလိုက်တာ

ပျက်ကျနေသည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးကို AA တပ်ဖွဲ့ဝင်များက ရှာဖွေစိစစ်နေသည့် ဓာတ်ပုံများ ညီနောင် ၃ ဖွဲ့က ထုတ်ပြန်

ရန်ကုန်၊ဖေဖော်ဝါရီ ၄

အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျနေမှုကို AA တပ်ဖွဲ့ဝင်များက စိစစ်နေသည့် ဓာတ်ပုံများကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ Mi17 ရဟတ်ယာဉ်ဟု ယူဆရသည့် ရဟတ်ယာဉ်ပျက်ကို နောက်ခံထား၍ AA တပ်ဖွဲ့ဝင်များ တန်းစီ ရပ်နေသည့် ဓာတ်ပုံ၊ ပျက်နေသည့် စစ်ရဟတ်ယာဉ်ကို AA တပ်ဖွဲ့ဝင်များက ရှာဖွေ စိစစ်နေပုံများကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် အဆိုပါ ရဟတ်ယာဉ်ပျက်ကျသည်(သို့မဟုတ်) ပစ်ချသည် ဆိုသော အသေးစိတ် အချက်အလက်များကို တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

လက်ရှိတွင် တော်လှန်ရေးအဖွဲ့များက စစ်အာဏာသိမ်းချိန်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေယာဉ်နှင့် ရဟတ်ယာဉ်များကို ပစ်ချမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တစ်လတည်းတွင်ပင် စစ်ကောင်စီ၏ ရဟတ်ယာဉ်နှင့် လေယာဉ် ၃ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းမှ ဝိုင်းမော်မြို့နယ် နာဖော့စခန်းသို့ ရိက္ခာနှင့် လက်နက်များလာသည့် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဥ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ပစ်ချခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း၈ ဦး သေဆုံးခဲ့ကြောင်း၊ အဆိုပါ ရုရှားနိုင်ငံထုတ် Mi17 ရဟတ်ယာဉ်တစ်စီး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆ သန်း ဝန်းကျင်ရှိကြောင်း သိရှိရသည်။

အလားတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသဆီ ဗုံးလာကျဲခဲ့သည့် စစ်ကောင်စီ၏ တရုတ်လုပ် FTC 2000 G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ပစ်ချခဲ့ကြောင်း၊ တရုတ်လုပ် FTC 2000 G တိုက်လေယာဉ် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ သန်းခွဲ တန်ကြေးရှိကြောင်း သိရှိရသည်။

ထို့အတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်ကောင်စီ၏ Eurocopter 365 ရဟတ်ယာဉ်တစ်စီး ကို ကရင်ပြည် နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက Missile ၊ ပွိုင့်ဖိုက်၊ စနိုက်ပါ အစရှိသည့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍ ပျက်ကျသွားခဲ့ကြောင်း၊ အဆိုပါ ရဟတ်ယာဉ်သည် အမေရိကန်ဒေါ်လာ ၉ သန်းနီးပါး တန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကမှ တပ်တော်ဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုရဟတ်ယာဉ် တွင် လိုက်ပါသော တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် အရာရှိ ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *