ဘေးကင်းကြပါစေအညာသားတွေ(ရုပ်သံ)

မြင်းခြံမြို့နယ် စံပြကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

ဖေဖော်ဝါရီ ၄ ရက်

မန္တလေးတိုင်း မြင်းခြံမြို့နယ် စံပြကျေးရွာမှာ အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် သားတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger မှ သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၂ ရက်က မြင်းခြံမြို့နယ် စံပြကျေးရွာမှာ အင်အား ၂၀ ခန့်နဲ့ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး လက်နက်ကြီး လက်နက်ငယ် တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄၅ မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားအများအပြားသေဆုံးခဲ့ပြီး စစ်ကူယာဉ် ၈ စီး ခန့် ထပ်မံရောက် ရှိလာတဲ့အတွက် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်သားတွေရဲ့ MA -16 ‌ေသနတ် ၃ လက်နဲ့ ကာဘိုင်အမျိုးအစားသေနတ် ၁ လတ်တို့အား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို Myingyan Black Tiger (မြင်းခြံတပ်ရင်း- ၉)နှင့်အတူ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၈)တပ်ရင်း၊ မန်းလေးခရိုင် တပ်ရင်း (၃)MDY PDF ၊ မြင်းခြံမြို့နယ် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ ဗိုလ်စားပြောက်ကြားတပ်ဖွဲ့ (မြင်းခြံ)နဲ့ ဗိုလ်စက္ကပြောက်ကြားတပ်ဖွဲ့(မြင်းခြံ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း MBT တပ်ဖွဲ့မှ ရဲဘော် ကုလားလေး (ခ) ဝိုင်းချစ်မင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *