ခဝေးအကောင်၂၀မတ်စေ့ငုံ

သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ခမရ ၆၀၃ တပ်ရင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံး

ရန်ကုန်၊ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ခမရ ၆၀၃ တပ်ရင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက လိပ်သိုမြို့ကို ၂၀၂၄၂၂ စစ်ဆင်ရေးတစ်ရပ်အဖြစ် တိုက်ခိုက်ခဲ့ကြောင်း၊

အဆိုပါစစ်ဆင်ရေးတွင် KNLA တပ်မဟာ ၂ အထူးတပ်ရင်းအထူးတပ်ဖွဲ့ဖြစ်သော Sniper Forceနှင့်အလယ်ပိုင်းတိုင်း နေပြည်​​ေတာ် PDF တပ်ရင်း (၈၀၆)ပူးပေါင်း Spring Hero Column (နွေဦးသူရဲကောင်းများစစ်ကြောင်း)တို့က လိပ်သိုမြို့ရှိ ခမရ ၆၀၃ တပ်ရင်းစခန်းနှင့် လိပ်သိုလ်မြို့ မ(ရဲစခန်း)တို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီ ၁၉ မိနစ်အချိန်တွင် လိပ်သိုမြို့မ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီ ၁၁ မိနစ်အချိန်တွင် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ ခမရ ၆၀၃ တပ်ရင်းစခန်းကို နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများတွင် လိပ်သိုမြို့မ ရဲစခန်းမှ စခန်းမှူး အပါအဝင် စစ်သားနှင့်ရဲ ၂၀ ကျော် သေဆုံးပြီး များအပြားဒဏ်ရာရရှိကြောင်း သိရှိရသည်။

သံေတာင္ႀကီးၿမိဳ႕နယ္၊ လိပ္သိုၿမိဳ႕ရွိ ခမရ ၆၀၃ တပ္ရင္းႏွင့္ ရဲစခန္းကို တိုက္ခိုက္မႈ စစ္တပ္ဘက္မွ ၂၀ ေက်ာ္ေသဆုံး
ရန္ကုန္၊ေဖေဖာ္ဝါရီ ၄
ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ လိပ္သိုၿမိဳ႕ရွိ ခမရ ၆၀၃ တပ္ရင္းႏွင့္ ရဲစခန္းကို တိုက္ခိုက္မႈ စစ္တပ္ဘက္မွ ၂၀ ေက်ာ္ေသဆုံးေၾကာင္း ေတာ္လွန္ေရးသတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ေဖေဖာ္ဝါရီလ ၂ ရက္ေန႔တြင္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက လိပ္သိုၿမိဳ႕ကို ၂၀၂၄၂၂ စစ္ဆင္ေရးတစ္ရပ္အျဖစ္ တိုက္ခိုက္ခဲ့ေၾကာင္း၊
အဆိုပါစစ္ဆင္ေရးတြင္ KNLA တပ္မဟာ ၂ အထူးတပ္ရင္းအထူးတပ္ဖြဲ႕ျဖစ္ေသာ Sniper Forceႏွင့္အလယ္ပိုင္းတိုင္း ေနျပည္​​ေတာ္ PDF တပ္ရင္း (၈၀၆)ပူးေပါင္း Spring Hero Column (ေႏြဦးသူရဲေကာင္းမ်ားစစ္ေၾကာင္း)တို႔က လိပ္သိုၿမိဳ႕ရွိ ခမရ ၆၀၃ တပ္ရင္းစခန္းႏွင့္ လိပ္သိုလ္ၿမိဳ႕ မ(ရဲစခန္း)တို႔ကို တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။
ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ နံနက္ ၈ နာရီ ၁၉ မိနစ္အခ်ိန္တြင္ လိပ္သိုၿမိဳ႕မ ရဲစခန္းကို စတင္တိုက္ခိုက္ခဲ့ၿပီး နံနက္ ၁၀ နာရီ ၁၁ မိနစ္အခ်ိန္တြင္ ျပန္လည္ ဆုတ္ခြာခဲ့ေၾကာင္း၊ ခမရ ၆၀၃ တပ္ရင္းစခန္းကို နံနက္ ၁၁ နာရီ ၂၀ မိနစ္အခ်ိန္တြင္ ၁၀၇ မမ ေရွာ့တိုက္ဒုံး ၂ လုံးျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း၊ အဆိုပါ တိုက္ခိုက္မႈမ်ားတြင္ လိပ္သိုၿမိဳ႕မ ရဲစခန္းမွ စခန္းမႉး အပါအဝင္ စစ္သားႏွင့္ရဲ ၂၀ ေက်ာ္ ေသဆုံးၿပီး မ်ားအျပားဒဏ္ရာရရွိေၾကာင္း သိရွိရသည္။
လိပ္သိုၿမိဳ႕မရဲစခန္းတိုက္ခိုက္ေနစဥ္ လိပ္သိုစစ္တပ္ ဗ်ဴုဟာႏွင့္မိတာ ၁၀၀၀ ခန႔္သာ ကြာေဝးသျဖင့္ လက္နက္ႀကီး အမ်ားအျပားျဖင့္ ပစ္ကူေပးၿပီး ေတာင္ငူဘက္မွလည္း စစ္ကူအင္အားအလုံရင္းျဖင့္တက္လာေသာေၾကာင့္ ေတာ္လွန္ေရးတပ္မ်ားက ျပန္လည္ ဆုတ္ခြာခဲ့ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- စစ္ဆင္ေရးတြင္ ပါဝင္သည့္ ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္မ်ား။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *