အခုတခါအလှည့်ကျသူကတော့ဘင်္ဂလားဒေ့ရှ်ဖြစ်ပါတယ်🐕🏃👇

AAက လိုက်လံတိုက်ခိုက်၍ မောင်တောရှိ စစ်​ကောင်စီတပ်ဖွဲ့ဝင်​များ ဘင်္ဂလား​ဒေ့ရှ်နိုင်ငံထဲသို့ ထွက်​ပြေးဧရာဝတီတိုင်းမ်ဖေဖော်ဝါရီ ၄ရက်ရခိုင်ပြည်နယ်၊ ​မောင်​တော​မြောက်ပိုင်းမှာရှိတဲ့ စစ်​ကောင်စီစခန်းကို ရက္ခိုင့်တပ်​တော် (AA) က ဝင်​ရောက်တိုက်ခိုက်ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ဘင်္ဂလား​ဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်​ရောက်ထွက်​ပြေးသွား​ကြောင်းသိရသည်။​မောင်တောမြို့နယ်​မြောက်ပိုင်းရှိ စစ်​ကောင်စီ၏ ​တောင်ပြိုလက်ဝဲဗျူဟာကုန်းကို ယ​နေ့ ဖေဖော်ဝါရီ ၄ရက်နေ့ နံနက်၃နာရီတွင် ရက္ခိုင့်တပ်​တော်(AA) က ဝင်​ရောက်တိုက်ခိုက်ခဲ့​ကြောင်းသိရသည်။

“မနက်ပိုင်းတိုက်ပွဲဖြစ်ကတည်းက စစ်တပ်က ဟိုဘက်နယ်စပ်ကိုဖြတ်​ပြေးတာ။ တ​နေ့လုံး သူတို့​ပြေးတာ​တွေကိုရိုက်ထားတဲ့ ဗီဒီယိုဖိုင်​တွေကြည့်ပြီး အားရ​နေတာ။ တပ်​တော်က ကြိတ်ချက်ပဲ” ဟု ​AA တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို​ပြောသည်။တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး​နောက် AA၏ တိုက်ခိုက်မှုကိုမခုခံနိုင်​တော့၍ စခန်းအတွင်းရှိ စစ်​ကောင်စီတပ်သားများ ဦးတည်ရာမဲ့ ကစဥ့်ကလျား ထွက်​ပြေးခဲ့ကြပြီး စစ်​ကောင်စီ၏ နယ်ခြား​စောင့် BGPအဖွဲ့ဝင် ၁၄ ဦးသည် ရခိုင်နယ်စပ်မှတဆင့် ဘင်္ဂလား​ဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်​ပြေးဝင်​ရောက်သွား​ကြောင်းသိရသည်။စစ်​ကောင်စီတပ်ဖွဲ့မှထွက်​ပြေးလာသည့် တပ်ဖွဲ့ဝင် ၁၄ ဦးကို ဘင်္ဂလား​ဒေ့ရှ်နိုင်ငံ နိုက်​ချောင်ဆူရီနယ်စပ်ရှိ BGB စခန်းတွင် ထိန်းသိမ်းထား​ကြောင်းသိရသည်။

ဘင်္ဂလား​ဒေ့ရှ်နယ်စပ်သို့ ထွက်​ပြေးဝင်​ရောက်လာသည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များမှာ ယ​နေ့မနက်အ​စောပိုင်းအချိန်က ၁၄ဦးရှိသည်ဟု ဘင်္ဂလား​ဒေ့ရှ်ရှိ မီဒီယာများကတွင် ဖော်ပြထား​သော်လည်း ယ​နေ့ည​နေပိုင်းတွင် ထွက်​ပြေးလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ဦးအထိရှိ​လာပြီဖြစ်ကြောင်း​ Bangla Vision မီဒီယာတွင် ဖော်ပြထားသည်။ယ​နေ့ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်​ကောင်စီပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်အပိုင်းအစများ ဘင်္ဂလား​ဒေ့ရှ်နိုင်ငံနယ်စပ်သို့ ကျ​ရောက်​ပေါက်ကွဲခဲ့သည့်အတွက် ဘင်္ဂလား​ဒေ့ရှ်နိုင်ငံသား ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ​နေအိမ်အချို့မီး​လောင်ပျက်စီးခဲ့​ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း AAအဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီတပ်သားများ ပလက်ဝမှတဆင့် အိန္ဒိယနိုင်ငံထဲ့သို့ အကြိမ်ကြိမ်ဝင်​ပြေးခဲ့ကြသည့်အတွက် အိန္ဒိယအစိုးရက မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်မည်ဟု သတင်းများထွက်​ပေါ်ခဲ့​သည်။ပုံစာ-ဘင်္ဂလား​ဒေ့ရှ်နိုင်ငံအတွင်းထွက်​ပြေးဝင်​ရောက်သွားကြသည့် စစ်​ကောင်စီတပ်သားများ#​မောင်တော #စစ်​ကောင်စီ #တောင်ပြိုလက်ဝဲဗျူဟာစခန်း #AAတိုက်ခိုက် #ဘင်္ဂလား​ဒေ့ရှ်ထွက်​ပြေး

မြန်မာစစ်သားများ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးမှုများ ဖြစ်ပွားခဲ့အပြီး၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲ ၅၈ ဦးကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထပ်မံထွက်ပြေးပြန် ဖေဖော်ဝါရီ ၄၊ ၂၀၂၄တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ဒေသက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၅၈ ဦးထက်မနည်း ဘင်္ဂလားဒေ့ရှ်နိင်ငံထဲကို ဒီကနေ့မနက်ပိုင်းမှာ ထွက်ပြေးဝင်ရောက်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒေသတွင်းသတင်းဌာန New Age မှာဖော်ပြထားပါတယ်။ ယနေ့ ဖေဖော်ဝါရီ ၄ရက် မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် နိင်ငံထဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ဖြုတ်သိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးတန်းအရာရှိတစ်ဦးက New Age ကို ပြောဆိုခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ ရဲဘက်၊ အရပ်ဘက် အုပ်ချုပ်ရေးတွေနဲ့ မပြတ် ဆက်သွယ်ဆောင်ရွက်နေကြောင်းနဲ့ “အထက်ညွှန်ကြားချက်ရပြီးရင် ဒီကိစ္စကို ဆက်လက်အရေးယူ ဆောင်ရွက်မှာပါ” လို့ အဆိုပါ နယ်ခြားစောင့်အရာရှိက ပြောပါတယ်။ ထွက်ပြေးလာတဲ့ မြန်မာစစ်သားတွေဟာ တမ်ဘရူနယ်စပ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဆီမှာ ခိုလှုံခွင့်တောင်းခဲ့တာဖြစ်ပြီး ၎င်းတို့ဝင်လာစဉ် အရပ်ဝတ်နဲ့လား ယူနီဖောင်းဝတ်နဲ့လားဆိုတာ မသဲကွဲဘူးလို့ ဘန်ဒါဘန်ခရိုင်ရဲမှူးဖြစ်သူ ရှာအီကတ်ရှဟင်က ဆိုပါတယ်။ ဘန်ဒါဘန်ဒေသခံတွေရဲ့ အဆိုအရ ဒီကနေ့ တနင်္ဂနွေနေ့အစောပိုင်းကနေ မနက်ခင်းအထိ သေနတ်သံတွေနဲ့ လက်နက်ကြီးသံတွေ ကြားခဲ့ရကြောင်း၊ နယ်စပ်တလျှောက်မှာ အမြောက်ကျည်တွေ တွေ့ခဲ့ရကြောင်း သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲကနေ လွင့်စင်လာတဲ့ ကျည်ဆံကြောင့် ပရာဘင်ဒရာဒါဆိုသူ ဒေသခံတစ်ဦးရဲ့ ညာဘက်တံတောင်ကို ထိမှန်ခဲ့တယ်လို့ ခရိုင်ရဲမှူးက ပြောပါတယ်။ စနေနေ့ နေ့လည်ပိုင်းကလည်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေကနေ ကျည်စလွင့်စင်ပြီး ဒေသခံတစ်ဦး ပိုင်ဆိုင်တဲ့ သုံးဘီးယာဉ်မှန်ရဲ့လေကာကို ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ ရခိုင်ဒေသအတွင်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အလျောက် နယ်မြေထိန်းချုပ်မှု တစ်စတစ်စ လက်လွတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ လေကြောင်း၊ ရေကြောင်လး၊လက်နက်ကြီး စတာတွေနဲ့ အရပ်သားပစ်မှတ်တွေအပေါ် အဆင်ခြင်မဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးက ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ဘန်ဒါဘန်ရှိ ဝေးလံခေါင်သီတဲ့ ရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ထိတ်လန့်နေကြတယ်လို့လည်း ဒေသခံသတင်းမှာ ဖော်ပြထားပါတယ်။ရခိုင်နှင့်ချင်းပြည်နယ်များမှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုကိခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အများအပြား အိန္ဒိယနိုင်ငံထဲကို မကြာခဏ ထွက်ပြေးလေ့ရှိပြီး၊ အခုတစ်ခါမှာတော့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေကလည်း အားကျမခံ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးလာတာ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *