ကားပေါ်ကပါဆင်းပြေးရဘီ

မတ္တရာတွင် စစ်တပ် တိုက်ခိုက်ခံရ၍ ကားထားပြီး ထွက်ပြေး

▪️၁၂ဘီး ကားနှင့် စစ်အသုံးအဆောင်များ မတ္တရာ(ပကဖ)သိမ်းဆည်း၊ ကားမှာ စစ်တပ်က ချောဆွဲလာဖြစ်၍ ပိုင်ရှင်ထံ ပြန်အပ်

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်အုပ်စုလိုက်ပါလာသည့် ၁၂ဘီး ကားတစ်စီးအား မိုင်းဆွဲ တိုက်ခိုက်ရာ ကားနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း မတ္တရာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်က မတ္တရာမြို့နယ် အနောက်ခြမ်းသို့ အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်မှ အင်အား ၄၀ကျော်ပါ စစ်ကောင်စီတပ်သည် ကျေးရွာအချို့ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် အဆိုပါစစ်အုပ်စုအား အင်ကြင်းမြိုင် တပ်မှ ၁၂ ဘီးကားဖြင့် လာကြိုပြီးနောက် ပြန်ဆုတ်ချိန် ကိုရင်တောင်ခြေ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကားပေါ်ပါ စစ်အုပ်စုထွက်ပြေးသွား၍ ကားနှင့်ပစ္စည်းများ သိမ်းဆည်းခဲ့ကြောင်း မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မိုင်းဆွဲပြီးတဲ့နောက် ကားပေါ်ကဆင်းပြီး ရေကြောင်းနဲ့ပြန်ဆုတ်သွားတယ်။ ကားကိုလည်း ကျန်ရစ်ခဲ့တယ်။ ကားက ပြည်သူ့ကားပါ။ စကစကချောဆွဲခဲ့တာ။ အဲဒီမှာပြည်သူကိုပဲ ကားလာဆွဲဖို့ခွင့်ပြုပေးလိုက်ပါတယ်။”ဟု ၎င်းက ပြောသည်။

အဆိုပါ ၁၂ဘီးကားမှာ ပြည်သူတစ်ဦး​၏ ကားဖြစ်ပြီး စစ်အုပ်စုက အဆိုပါကားအား ချောဆွဲလာခဲ့ခြင်း ဖြစ်သည်။

ကားပေါ်ပါ ကျည်ကာဦးထုပ် ငါးလုံး၊ စစ်ဦးထုပ် လေးလုံး၊ ပြည်သူ့စစ် ယူနီဖောင်းအများအပြားအား မတ္တရာ(ပကဖ)အဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းမှ ယခု ဖေဖော်ဝါရီလဆန်းအထိ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးအကြမ်းဖက်နေပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

(သိမ်းဆည်းရမိသော စစ်အသုံးအဆောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ – မတ္တရာ(ပကဖ)

မတၱရာတြင္ စစ္တပ္ တိုက္ခိုက္ခံရ၍ ကားထားၿပီး ထြက္ေျပး
▪️၁၂ဘီး ကားႏွင့္ စစ္အသုံးအေဆာင္မ်ား မတၱရာ(ပကဖ)သိမ္းဆည္း၊ ကားမွာ စစ္တပ္က ေခ်ာဆြဲလာျဖစ္၍ ပိုင္ရွင္ထံ ျပန္အပ္
အင္ၾကင္း/People’s Spring
မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္တြင္ စစ္အုပ္စုလိုက္ပါလာသည့္ ၁၂ဘီး ကားတစ္စီးအား မိုင္းဆြဲ တိုက္ခိုက္ရာ ကားႏွင့္ စစ္အသုံးအေဆာင္မ်ား သိမ္းဆည္းႏိုင္ခဲ့ေၾကာင္း မတၱရာၿမိဳ႕နယ္၊ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕၏ ျပန္ၾကားေရးတာဝန္ခံက ေျပာသည္။
ေဖေဖာ္ဝါရီ ၁ ရက္က မတၱရာၿမိဳ႕နယ္ အေနာက္ျခမ္းသို႔ အင္ၾကင္းၿမိဳင္ေလေၾကာင္းကာကြယ္ေရးတပ္မွ အင္အား ၄၀ေက်ာ္ပါ စစ္ေကာင္စီတပ္သည္ ေက်း႐ြာအခ်ိဳ႕ရွိ ေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးခဲ့သည္။
ထို႔ေနာက္ အဆိုပါစစ္အုပ္စုအား အင္ၾကင္းၿမိဳင္ တပ္မွ ၁၂ ဘီးကားျဖင့္ လာႀကိဳၿပီးေနာက္ ျပန္ဆုတ္ခ်ိန္ ကိုရင္ေတာင္ေျခ၌ မိုင္းဆြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ကားေပၚပါ စစ္အုပ္စုထြက္ေျပးသြား၍ ကားႏွင့္ပစၥည္းမ်ား သိမ္းဆည္းခဲ့ေၾကာင္း မတၱရာ(ပကဖ)အဖြဲ႕၏ ျပန္ၾကားေရးတာဝန္ခံက ေျပာသည္။
“မိုင္းဆြဲၿပီးတဲ့ေနာက္ ကားေပၚကဆင္းၿပီး ေရေၾကာင္းနဲ႔ျပန္ဆုတ္သြားတယ္။ ကားကိုလည္း က်န္ရစ္ခဲ့တယ္။ ကားက ျပည္သူ႔ကားပါ။ စကစကေခ်ာဆြဲခဲ့တာ။ အဲဒီမွာျပည္သူကိုပဲ ကားလာဆြဲဖို႔ခြင့္ျပဳေပးလိုက္ပါတယ္။”ဟု ၎က ေျပာသည္။
အဆိုပါ ၁၂ဘီးကားမွာ ျပည္သူတစ္ဦး​၏ ကားျဖစ္ၿပီး စစ္အုပ္စုက အဆိုပါကားအား ေခ်ာဆြဲလာခဲ့ျခင္း ျဖစ္သည္။
ကားေပၚပါ က်ည္ကာဦးထုပ္ ငါးလုံး၊ စစ္ဦးထုပ္ ေလးလုံး၊ ျပည္သူ႔စစ္ ယူနီေဖာင္းအမ်ားအျပားအား မတၱရာ(ပကဖ)အဖြဲ႕က သိမ္းဆည္းႏိုင္ခဲ့သည္။
အာဏာသိမ္းစစ္ေကာင္စီတပ္သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာအတြင္းမွ ယခု ေဖေဖာ္ဝါရီလဆန္းအထိ မတၱရာၿမိဳ႕နယ္အတြင္း စစ္ေၾကာင္းထိုးအၾကမ္းဖက္ေနၿပီး ေဒသတြင္းျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ားႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိသည္။
(သိမ္းဆည္းရမိေသာ စစ္အသုံးအေဆာင္မ်ားအား ေတြ႕ရစဥ္။ ဓာတ္ပုံ – မတၱရာ(ပကဖ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *