အညာသားတွေဆော်ချက် ခဝေး၁၄ကောင်မတ်စေ့ငုံ(ရုပ်သံ)

ရေစကြိုမြို့နယ် ဆင်မရဲရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ချေမှုန်း

အကြမ်းဖက်စစ်တပ်အရာရှိ ၁ ဉီးအပါအဝင် စစ်သားနဲ့ ပျူ ၁၄ ဉီးသေဆုံး (ရုပ်/သံ)

+++++++++++++++++++++++++

ဖေဖော်ဝါရီ ၅ ရက်

မကွေးတိုင်း ရေစကြိုမြို့နယ် ဆင်မရဲရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်း ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်အရာရှိ ၁ ဉီးအပါအဝင် စစ်သားနဲ့ ပျူစောထီး ၁၄ ဉီးခန့် သေဆုံးသွားတယ်လို့ ပခုက္ကူ ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၈ ရက် နံနက် ၅ နာရီခန့်က တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဆင်မရဲရွာ ပျူစောထီး စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ၁၄ ဉီးခန့် သေဆုံးပြီး ကျန်ရှိနေတဲ့ ပျူစောထီးအများအပြား တပ်ပျက်ပြီး ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို Local တပ်ပေါင်းစု Yesagyo Revolution Group(YRG) Pakokku Special Guerrilla Force(ပခုက္ကူ ပကဖ)နှင့် မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း 27 Revolution Force၊ Urban Underground Force၊ နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ယင်းမာပင်ခရိုင်တပ်ရင်း(၃၊၄၊၅၊၆)၊ pkuတပ်ပေါင်းစုနဲ့ မြင်းခြံခရိုင်ဒုန်းတပ်ရင်း(MDDS)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *