အလံဖြူလေးတွေတလွင့်လွင့်နဲ့ အလင်းဝင်ကုန်ပြီဟေ့

ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်သား၃ ဉီး လက်နက်ချအညံ့ခံ (ရုပ်/သံ)

++++++++++++++++++++

ဖေဖော်ဝါရီ ၈ ရက်

ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရိုးမ (၁) အာဠာဝကစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်က ဖြူးမြို့နယ် စက်ကုန်းကျေးရွာမှ သပြေခင်ကျေးရွာကို အင်အား ၂၅၀ နဲ့ နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြားသေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင်များ၊ စစ်သား အများအပြား အညံ့ခံရန် ကြိုးစားခဲ့သော်လည်း နောက်မှ စစ် ကောင်စီအရာရှိတွေက ပစ်ခတ်တဲ့အတွက် ၃ ဉီးသာ လက်နက်ချအညံ့ခံခဲ့တယ်လို့ သိရပါတယ်။

အကျဆုံးများခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စက်ကုန်းရွာအတွင်း ပြန်လည်ဆုတ်ခွာသွား ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက လိုက်လံရှင်းလင်းလျက်ရှိတယ်လို့ သိရပါတယ်။ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း စစ်သုံ့ပန်းဉပဒေနဲ့အညီ ထိန်းသိမ်းထားရှိတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *