အဝေးကစ်အိုးဘဲဥတစ်ပွဲနဲ့လိုက်ပွဲ၃ပွဲ

ပဲခူးတိုင်း သဖန်းဇင်ကျေးရွာကိို စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါ ၄ ဦးသေဆုံးဖေဖော်ဝါရီ ၈၊ ၂၀၂၄ပဲခူးတိုင်း၊‌ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာအတွင်း ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်သားများက ပြည်သူ့နေအိမ်များနဲ့ ကြံခင်းများကို လိုက်လံမီးရှို့နေချိန် တော်လှန်ရေးအင်အားစုတွေက စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်က အရာရှိတစ်ဦး အပါအဝင် ၄ ဦး ပွဲချင်းပြီးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်အဲဒီ စစ်သားတွေဟာ ဖေဖော်ဝါရီ ၅ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က ရေတာရှည်မြို့နယ်၊ ရွှေကဇောင်းကျေးရွာဘက်ကနေ အင်အား ၆၀ ခန့်နဲ့ သဖန်းဇင်ကျေးရွာဘက် ဝင်ရောက်လာတာဖြစ်ပြီး သဖန်းဇင်ကျေးရွာအဝင်မှာလည်း ရှေ့ထွက်မိုင်းများနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရသလို သဖန်းဇင်ကျေး ရွာအတွင်း ဝင်ရောက်တပ်စွဲချိန်မှာလည်း တော်လှန်ရေး အင်အားစုများဘက်က ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။အကြမ်းဖက် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် မိနစ်၂၀ ခန့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။အဲဒီနေ့ည ည ၁၁ နာရီ မိနစ် ၂၀ အချိန် သဖန်းဇင်ကျေးရွာကတဆင့် စစ်တောင်းမြစ်ကမ်းဘေး ချဉ်းကပ်ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများဘက်က ၄၀ မမ၊ လက်နက်ငယ်များနဲ့ ဆီးကြိုပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း RPG အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု မသိရဘဲ တော်လှန်ရေးအင်အားစုများဘက်က အထိအခိုက်မရှိ‌ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အချိန်မှာလည်း အိုးမြေတူးကျေးရွာက ပဲနုတ်ဖို့ ထွက်လာတဲ့ ပြည်သူများကို ရွှေကဇောင်းကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများနဲ့ အဝေးကနေ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ကျေးရွာနေပြည်သူများ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။အဲဒီတိုက်ခိုက်မှုများကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော် PDF နဲ့ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၄ ၊ တပ်ခွဲ ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *