အဘကဘာမှကိုမသိတာ သွားခေါ်မအကြောင်းပဲသိတယ်

ရခိုင်တွင် စစ်ရှုံးနေသည့် သတင်းကို ထိန်ချန်ထားပြီး မသိရှိရ၍ စစ်ရှုံးရခြင်း ဖြစ်သည်ဟုဆိုကာ စစ်တိုင်းမှူးကို စစ်ခေါင်းဆောင်ကြိမ်းမောင်းမြရာ/ဧရာ၀တီတိုင်းမ်ဖေဖော်ဝါရီ ၈ ရက်နှစ်လအတွင်း ရခိုင်ပြည်နယ်ရှိ မြို့ ၅ မြို့ကို ဆုံးရှုံးရပြီး ရခိုင်မြောက်ပိုင်းတွင်သာမက တောင်ပိုင်းသို့ပါ စစ်မီးကူးစက်လာပြီး စစ်မျက်နှာဖွင့်သည့်နေရာတိုင်း စစ်ကောင်စီတပ် က အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သိ ရသည်။ယခုကဲ့သို့ အချိန်တိုအတွင်း မြေပြင်ထောက်ပို့ထောက် ပို့လမ်းကြောင်းများ ပိတ်ဆို့ ဖြတ်တောက်ခံရကာ စစ်ရှုံးနေရခြင်းမှာ သတင်းထိန်ချန်ထား၍ စစ်ရှုံးနေရသည်ကို မသိရှိဘဲဖြစ်ရသည်ဟု စစ်ခေါင်းဆောင်က အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို ကြိမ်းမောင်းလျက်ရှိသည်ဟု တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။”သတင်းထိန်ချန်ထားတာဆိုလို့ AA ကပစ်ချလိုက်တဲ့ ရဟတ်ယာဉ်တစ်စင်း မကွေးလေတပ်ထဲကို ကတိုက် ကရိုက်ဆင်းပြေးရတာတစ်ခုပဲ အထက်အဆင့်ဆင့်က ဖုံးဖိခိုင်းထားလို့ မတင်ပြခဲ့တာပဲရှိတယ်။ အခုအခြေ အနေဆိုးလို့ စစ်တွေမှာစုပြုံပြီး ခံစစ်ပြင်နေရတာကလည်း အဘ (စစ်ခေါင်းဆောင်) သိတာပဲ” ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်း ရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။ရခိုင်ပြည်နယ် မြောက်ပိုင်းတစ်ခုလုံးရှိ မြို့နယ်များမှ တပ်ရင်းများကို ရက္ခိုင့်တပ်တော် (AA)က တိုက်ခိုက် သိမ်းပိုက်ပြီး ကျန်သည့်နေရာများကိုလည်း ပိတ်ဆို့ထိုးစစ်ဆင် နေသည့်အတွက် မြို့တော်စစ်တွေတွင် စစ်ကောင်စီက မဆုတ်တမ်း ခံစစ်ပြင်ရသည်အထိ အခြေအနေများ ဆိုးရွားလာကြောင်း သိရသည်။”နှစ်လအတွင်း မြို့ ၅ မြို့ထက်မက ပါသွားပြီ။ ကျန်တဲ့နေရာတွေကလည်း စစ်ဆိုင် နေရတာ။ တပ်ရင်း တပ်ဖွဲ့ မပြည့်မစုံနဲ့ဘဲ ခံတိုက်နေရတဲ့အခြေအနေ။ စစ်ကူက လည်း မြေပြင်ကမရနိုင်ဘူး။ ရေထဲကလာတော့လည်း ဖြတ်တိုက်ခံရတယ်။ လေကြောင်း တစ်ခုပဲ အားကိုးစရာရှိတယ်။ အဲဒီအခြေအနေတွေကို ဘယ်လိုမှ သတင်းထိန်ချန်ထားလို့ မရဘူး။ အဲဒါကို တပ်ချုပ်က သူမသိရလို့ဆိုပြီး သောင်းကျန်းနေတာ” ဟု စစ်တိုင်းမှူး များနှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။စစ်ကောင်စီအနေဖြင့် မြေပြင်ထောက်ပို့လမ်းကြောင်းကို လုံး၀ပိတ်ဆို့ခံလိုက်ရပြီး ရေကြောင်းမှ ပစ်ကူများမှာလည်း ထိရောက်သည့် အနေအထားလုံး၀မရှိတော့ဘဲ တပ် အကူးအပြောင်း အရွှေ့ကိုပင် AAက ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့် နေ့စဉ်တပ်ရင်းတပ်ဖွဲ့များကို ဆုံးရှုံးခဲ့ရသည် အကြောင်းအရာများသာ ထွက်ပေါ်နေခဲ့သည်။ဇန်နဝါရီလ တစ်လအတွင်း၌ပင် ပလက်၀၊ ဆမီး၊ ပေါက်တောနှင့် ယခု ဖေဖော်ဝါရီလ အစတွင်ပင် မင်းပြားနှင့် တောင်ပြိုလက်ဝဲမြို့တို့ကို AA ကအချိန်တို အတွင်း ထိန်းချုပ်လိုက်ပြီး ကျောက်တော်၊ မြောက်ဦးနှင့်ရမ်း‌ဗြဲတို့ကိုလည်း မကြာမီအချိန်အတွင်း သိမ်းပိုက်နိုင်မည့် အခြေအနေရှိနေကြောင်း စစ်ရေးသတင်း များအရသိရသည်။ထို့အပြင် စစ်ရေးအရ ပိတ်ဆို့ထားသည့် အမ်းမြို့ကို ဖြတ်တောက်စရာမလိုတော့ဘဲ AA က မင်းပြားကို သိမ်းလိုက်နိုင်သည့်အတွက် မကွေးတိုင်းကဲ့သို့ ကုန်းတွင်းပိုင်းနယ် မြေများမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် အလွယ်တကူချိတ်မိသွားမည် ဖြစ်သည့်အတွက် စစ်ခေါင်းဆောင်က စစ်တိုင်းမှူးများကို အပြစ်ပုံချလျက် ရှိသည်။တိုင်းရင်းသားနယ်မြေများ အထူးသဖြင့် ရှမ်းမြောက်နှင့် ရခိုင်တို့တွင် စစ်ဦးကျိုးသွား ပြီဖြစ်၍ စစ်ကောင်စီတပ်က ယင်းနယ်မြေများကို ပြန်လည်ရရှိနိုင်ပြီး မဖြစ်နိုင်တော့ သည့်အတွက် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များသိမ်းယူထားသည့် နယ်မြေများကို လှည့်ပင်မကြည့်နိုင်တော့ဘဲ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူကာကွယ်ရေး တပ်မတော် (PDF)များ သိမ်းယူထားသည့် နယ်မြေများကို အင်အားအလုံးအရင်းသုံး၍ ပြန်လည်ရယူရန်ကြိုးပမ်းနေကြောင်း သိရသည်။ယခုရခိုင်တွင် စစ်ကောင်စီက စစ်ရေးနည်း‌ဗျူဟာ ဖော်ဆောင်လိုက်ရခြင်းမရှိဘဲ AA ဖော်ဆောင်သည့် စစ်ရေးအတိုင်း ခံစစ်သဘောသာခုခံနိုင်ခဲ့ပြီး အချိန်တိုအတွင်း နယ်မြေ တပ်စခန်းများကို အလွယ်တကူ လက်လွှတ်နေရပြီဖြစ်သည်။စစ်တိုင်းမှူးက သတင်းထိန်ချန်ထား၍ ယခုအထိ စစ်ရှုံးသွားခြင်းဖြစ်သည်ဟု ဆိုကာ စစ်ခေါင်းဆောင်က မာန်မဲကြိမ်းဝါးလျက်ရှိသည့်အပေါ် “အဘကို ဒီထက်တိကျတဲ့ သတင်းပေးရရင်လည်း အဘသွေးတက်ပြီး ရှမ်းမြောက်တုန်းကလို မတ်တပ်ကနေ ပစ်လဲဖို့ပဲရှိတယ်” ဟုတပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။ဓာတ်ပုံ-MOI ပုံစာ-စစ်ခေါင်းဆောင်က အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို ပန်းချီကား လက်ဆောင်ပေးအပ်စဉ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *