အကောင်ကြီး တွေဖြုတ်ပဲဖြုတ်တော့မယ်

မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်မှ ထွက်လာသည့် ဗိုလ် ၁ ဦးနှင့် နောက်လိုက် စစ်သား ၁ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ဗိုလ် ၁ ဦးပွဲချင်းပြီး သေဆုံးရန်ကုန်၊ ဖေဖော်ဝါရီ ၈ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်မှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ် ဗိုလ် တစ်ဦးနှင့်နောက်လိုက်တစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း Earthquake People’s Defence Force မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ယနေ့ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁၀ နာရီခန့်က မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်စစ်တပ်စခန်းမှ အကြမ်းဖက်စစ်ဗိုလ်တစ်ဦးနှင့် နောက်လိုက် စစ်သားတစ်ဦးတို့သည့် ရွာသစ်ကျေးရွာရှိ ပြည်သူများ ထံမှ ရိက္ခာများ အတင်းအဓမ္မဆက်ကြေးတောင်းရန် ခြေလျင်ထွက်ခွာလာစဉ် ကိုင်းတောမကျေးရွာ စာသင်ကျောင်းနှင့် ရွာသစ်ကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ စောင့်ကြို ပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်မှာ နေရာမှာပင်ပွဲချင်းပြီးသေ ဆုံးသွားကြောင်း သိရ သည်။“အဓိကတော့ ရွာသစ်ကျေးရွာကို လာပြီး ရိက္ခာစုတာပေါ့၊ ပြည်သူတွေအိမ်တွေကို အကုန်ပတ်ပြီး တောင်းတာပေါ့၊ အဲလိုမျိုး လာတောင်းတာကို သွားချောင်းပြီး ပစ်ခဲ့တာ၊ ပစ္စတိုခါးကြားထိုးထားတဲ့ ဗိုလ်က အဲဒီလမ်းပေါ်မှာတင် လျောသွားတာ၊အလောင်းကိုလည်း လာသယ်သွားတယ်၊ MA 1 ကိုင် ထားတဲ့ နောက်လိုက်ကတော့ ပစ်တော့ပစ်တယ်၊ ဒါပေမယ့် သူလဲ ဒဏ်ရာထိထားတော့ ကောင်း ကောင်း ပြန်မပစ်နိုင်ဘူး၊ စခန်းထဲကနေရော၊ ရေစက်ကနေရော စစ်ကူတွေထွက်လာလို့ ချက်ချင်း ပြန် ဆုတ် လိုက်တာ၊ ခြေလျင်ပဲ လမ်းလျှောက်ထွက်လာကြတာ၊ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Earthquake People’s Defence Force မှ သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။အဆိုပါတိုက်ခိုက်မှုကို Pakokku People’s Defence Force(PPDF) ၊ မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄ စင်္ကြာတပ်ဖွဲ့နှင့် Earthquake People’s Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး စစ်ကူများ ချက်ချင်းရောက်လာသဖြင့် လက်နက်ကောက်ယူနိုင်ခြင်းမရှိပြန်လည် ဆုတ်ခွာခဲ့ရ ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *