ကန့်ပလူငှက်ကင်မကျတ်တကျတ်လေး😁😁😁😁

ကန့်ဘလူမြို့နယ်၊ ချပ်သင်းဒေသရှိ ကျေးရွာများကို လာရောက် ပစ်ခတ်သည့် စစ်တပ်၏ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး ပွိုင့်ဖိုက်ဖြင့် ပစ်ချခံရပြီး အမှတ် ၆၀၀၆ လက်နက်ကြီးတပ်ရင်း အတွင်းကို အရေးပေါ် ဆင်းသက်ခဲ့ရရန်ကုန်၊ ဖေဖော်ဝါရီ ၈ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းဒေသရှိ ကျေးရွာများကို လာရောက် ပစ်ခတ်သည့် စစ်တပ်၏ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး ပွိုင့်ဖိုက်ဖြင့် ပစ်ချခံရပြီး အမှတ် ၆၀၀၆ လက်နက်ကြီးတပ်ရင်း အတွင်းကို အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း ကန့်ဘလူမြို့နယ် သတင်းနှင့် ထောက်လှမ်းရေး တာဝန်ခံ ကိုဆန်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ အချိန် ကန့်ဘလူမြို့နယ်၊ ချပ်သင်းဒေသရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက်စစ်တပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လှည့်ပတ် ပစ်ခတ်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပွိုင့်ဖိုက်ဖြင့် ပစ်ချခဲ့ရာ ရဟတ်ယာဉ်ကို ထိမှန်ပြီး ဒယီးဒယိုင်ဖြင့် အမှတ် ၆၀၀၆ လက်နက်ကြီးတပ်ရင်းအတွင်းသို့ အရေးပေါ်ဆင်းသက် သွားကြောင်း သိရသည်။”ပစ်ချခဲ့တာ ဟုတ်တယ်ဗျ၊ တော်တော်လေးအထိနာနေတာ၊ နေ့လည်ကတည်းက အခုထိ ပြန်မ တက်နိုင်သေးဘူး၊ နေ့လည် ၂ နာရီ မိနစ် ၂၀ လောက်မှာ ဒယီးဒယိုင်နဲ့ ပြန်ဆင်းသွားတာ အခုချိန် အထိပြင်နေဆဲပဲ၊ ကန့်ဘလူလက်နက်ကြီးတပ်ရင်း ၆၀၀၆ ထဲကို ဆင်းသွားတာ၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဗျ၊ ချပ်သင်းဝန်းကျင်က ရွာလေးကို ပစ်ခတ်တိုက်ခိုက်နေချိန်မှာ ကျနော်တို့ဘက်က ပွိုင့်ဖိုက်နဲ့ပစ်တော့ ထိပြီးတော့ တောက်လျှောက်ပြန်ဆင်းသွားတာ၊ အမြီးပိုင်းပြတ်သွားတာလို့ သိရတယ်၊ အဲဒါကြောင့် အငြိုးနဲ့ ဗုံးကျဲနေတာ” ဟု ကန့်ဘလူမြို့နယ်သတင်း နှင့် ထောက်လှမ်းရေး တာဝန်ခံ ကိုဆန်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ကန့်ဘလူမြို့နယ်ချပ်သင်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ပေကုန်းနှင့် ချောင်းဖျား အကြားတွင် ဟောင်ဝှစ်ဇာ လက်နက်ကြီး ၂ လက်တပ်ဆင်ကာ ပစ်ကူပေးနေကြောင်း၊ ထို့အပြင် လေကြောင်းမှ လည်း ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်များဖြင့် ပစ်ကူပေးတိုက်ခိုက်နေကြောင်း၊ ယနေ့ ညနေ ၆ နာရီ ခန့်က လည်း နမ့်ဆန်လေတပ်စခန်းမှ ဂျက်ဖိုက်တာလေယာဉ်တစ်စီးတက်လာကာ ချပ်သင်းဒေသကို ဗုံးကျဲ ပြီး တံတားဦးလေဆိပ်သို့ ဆင်းသွားကြောင်း သိရသည်။”တိုက်ပွဲကတော့ ပြင်းထန်ဆဲပါပဲ၊ လက်ရှိကတော့ ပစ်လိုက်နားလိုက်ပုံစံမျိုးပဲ၊ သူတို့ဘက်က ဖိုက် တာ နဲ့ပစ်လိုက်၊ ရဟတ်ယာဉ်နားလိုက်နဲ့ အဲလိုမျိုးလေးတွေ၊ လာပစ်လိုက် ကျနော်တို့ဘက်က ပြန် ဆုတ် လိုက်၊ အဲလိုမျိုးလေးတွေတော့ လုပ်နေရတာပါဗျ၊ အရမ်းကြီးတော့ တိုးဝင်တိုက် လို့မရသေး တာပေါ့၊ တိုက်ပွဲလက်ရှိကတော့ ချပ်သင်းဝန်းကျင်မှာပဲဖြစ်နေတယ်၊ သူတို့က ပေကုန်းနဲ့ ချောင်းဖျား ကြားမှာ ဟောင်ဝှစ်ဇာလက်နက်ကြီး ၂ ခုထောင်ပြီးတော့ ပစ်ကူနေတာ၊ အလုံး ၃၀ ကျော် လောက်ရှိ နေပြီ၊ ဝေဟင်ကလည်း တရစပ်နေ့တိုင်းလိုလိုလာပစ်နေတာ ဆိုတော့ တအားကြီးကပ်လို့ မရသေး တာပေါ့” ကန့်ဘလူမြို့နယ် သတင်းနှင့် ထောက်လှမ်းရေး တာဝန်ခံ ကိုဆန်းထွန်းက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာချိန်တွင် ဒေသနေ ပြည်သူများ ကြိုတင် ရှောင်ရှားနိုင်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *