အောင်နိုင်သူကြီးတွေရဲ့အပြုံး

ဘောလခဲမြို့နယ်အတွင်းက စစ်ကောင်စီ ၁၂ မိုင်ကုန်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သား ၁ ဦး အရှင်ဖမ်းမိ…

++++++++++++++++++

ဖေဖော်ဝါရီ ၉ – ၂၀၂၄

ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲက စစ်ကောင်စီရဲ့ ၁၂ မိုင်ကုန်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သား ၁ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA)က ထုတ်ပြန်ပါတယ်။

“၁၁၀၇ – စစ်ဆင်ရေး” အဖြစ် ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ စစ်အုပ်စုလက်အောက်ခံ ခမရ – ၁၁၂ ရဲ့ ၁၂ မိုင်ကုန်းစခန်းကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအပြီး MA 1 အမျိုးအစား သေနတ် ၈ လက်၊ MA2 အမျိုးအစား သေနတ် ၁ လက်၊ MA 3 အမျိုးအစားသေနတ် ၁ လက်၊ MA 11 အမျိုးအစား သေနတ် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၃ လက်၊ ငါးကြင်းမြီး စက်လတ် ၁ လက်၊ ၉ မမ ပစ္စတို ၁ လက် အပါအဝင် စစ်ကောင်စီတပ်ရဲ့ လက်နက် စုစုပေါင်း ၁၆ လက်၊ ခဲယမ်းမျိုးစုံနဲ့ အခြားစစ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က စစ်သား အချို့ချေမှုန်းခံရပြီး စစ်သုံ့ပန်း ၁ ယောက်ကိုလည်း လက်ရဖမ်းဆီးမိသလို ကျန်တဲ့စစ်သားများက ကစင့်ကလျားထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) တပ်မဟာ ၇၈၂၆ ၊ တပ်မဟာမှူး ရဲဘော်ဆီမိုးနယ် ဦးစီးတဲ့ ပူးတွဲတပ်ဖွဲ့များနဲ့အတူ KA၊ KNDF၊ PDF၊ KNPLF Federal Wings ဒရုန်း တပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့၊ PDF ဒရုန်းတပ်ဖွဲ့တို့ အတူတကွ ပူးတွဲပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ေဘာလခဲၿမိဳ႕နယ္အတြင္းက စစ္ေကာင္စီ ၁၂ မိုင္ကုန္းစခန္းကို ေတာ္လွန္ေရးတပ္မ်ား တိုက္ခိုက္သိမ္းပိုက္ၿပီး စစ္သား ၁ ဦး အရွင္ဖမ္းမိ…
++++++++++++++++++
ေဖေဖာ္ဝါရီ ၉ – ၂၀၂၄
ကရင္နီျပည္၊ ေဘာလခဲၿမိဳ႕နယ္၊ ႐ြာသစ္ၿမိဳ႕နယ္ခြဲက စစ္ေကာင္စီရဲ႕ ၁၂ မိုင္ကုန္းစခန္းကို ေတာ္လွန္ေရးတပ္မ်ား တိုက္ခိုက္သိမ္းပိုက္ၿပီး စစ္သား ၁ ဦး အရွင္ဖမ္းမိခဲ့တယ္လို႔ ကရင္နီျပည္ ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ (KPLA)က ထုတ္ျပန္ပါတယ္။
“၁၁၀၇ – စစ္ဆင္ေရး” အျဖစ္ ေဘာလခဲၿမိဳ႕နယ္၊ ႐ြာသစ္ၿမိဳ႕နယ္ခြဲရွိ စစ္အုပ္စုလက္ေအာက္ခံ ခမရ – ၁၁၂ ရဲ႕ ၁၂ မိုင္ကုန္းစခန္းကို ေဖေဖာ္ဝါရီ ၈ ရက္ေန႔မွာ တိုက္ခိုက္သိမ္းပိုက္ခဲ့တာျဖစ္ၿပီး တိုက္ပြဲအၿပီး MA 1 အမ်ိဳးအစား ေသနတ္ ၈ လက္၊ MA2 အမ်ိဳးအစား ေသနတ္ ၁ လက္၊ MA 3 အမ်ိဳးအစားေသနတ္ ၁ လက္၊ MA 11 အမ်ိဳးအစား ေသနတ္ ၁ လက္၊ ၆၀ မမ စိန္ေျပာင္း ၃ လက္၊ ငါးၾကင္းၿမီး စက္လတ္ ၁ လက္၊ ၉ မမ ပစၥတို ၁ လက္ အပါအဝင္ စစ္ေကာင္စီတပ္ရဲ႕ လက္နက္ စုစုေပါင္း ၁၆ လက္၊ ခဲယမ္းမ်ိဳးစုံနဲ႔ အျခားစစ္ေရးဆိုင္ရာ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိတယ္လို႔ သိရပါတယ္။
ဒါ့အျပင္ စစ္ေကာင္စီတပ္က စစ္သား အခ်ိဳ႕ေခ်မႈန္းခံရၿပီး စစ္သုံ႔ပန္း ၁ ေယာက္ကိုလည္း လက္ရဖမ္းဆီးမိသလို က်န္တဲ့စစ္သားမ်ားက ကစင့္ကလ်ားထြက္ေျပးသြားတယ္လို႔ သိရပါတယ္။
အဆိုပါစစ္ဆင္ေရးကို ကရင္နီျပည္ ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (KPLA) တပ္မဟာ ၇၈၂၆ ၊ တပ္မဟာမႉး ရဲေဘာ္ဆီမိုးနယ္ ဦးစီးတဲ့ ပူးတြဲတပ္ဖြဲ႕မ်ားနဲ႔အတူ KA၊ KNDF၊ PDF၊ KNPLF Federal Wings ဒ႐ုန္း တပ္ဖြဲ႕၊ FFD ဒ႐ုန္းတပ္ဖြဲ႕၊ PDF ဒ႐ုန္းတပ္ဖြဲ႕တို႔ အတူတကြ ပူးတြဲပါဝင္တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *