ဘောမအဖြူရောင်အနုပညာရှင်များပျော်လိုက်တော့😁😁😁

စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် အနုပညာရှင်များအား ထိရောက်စွာအရေးယူမည်ဟု ပြည်သူ့ရဲတပ်ဖွဲ့ကြေညာဆဏ်း/People’s Springရုပ်ရှင် ၊ ဂီတ ၊ သဘင်အနုပညာရှင်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသော စစ်ကောင်စီအပြင် ၎င်း​၏အပေါင်းအပါများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက ထိရောက်ပြင်းထန်စွာ အရေးယူမည်ဟု အမျိုးသားညီညွတ်‌ရေးအစိုးရ၏ ပြည်သူ့ရဲတပ်ဖွဲက ယနေ့ သတိပေးကြေညာသည်။”မြန်မာနိုင်ငံ ရုပ်ရှင် သဘင် ဂီတ အစည်းအရုံးတို့အပြင် အခြားအနုပညာရပ်ဝန်းမှ လူပုဂ္ဂိုလ်တတစ်ဦးချင်း သော်လည်းကောင်း အဖွဲ့လိုက်သော်လည်းကောင်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသည့် စစ်ကောင်စီနှင့်အပေါင်းအပါများ ၊ ယင်းတို့၏ထိန်းချုပ်မှု အောက်ရှိ အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များနှင့်စီးပွားရေးလုပ်ငန်းများ ၊ အမည်ပျက်စာရင်းသွင်းထားသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများတို့တွင် ပူးပေါင်းပါဝင်ခြင်း ၊အားပေးကူညီထောက်ပံ့ခြင်းလုံးဝ (လုံးဝ)မပြုလုပ်ရန် တိုက်တွန်းအပ်ပါသည်” ဟု ပြည်သူ့ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်သည်။ယင်းအသိပေးချက်ကို လိုက်နာခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေသည့် အနုပညာရှင်၊ အတတ်ပညာရှင်များနှင့် နောက်ကွယ်မှကူညီ‌ထောက်ပံ့ စေခိုင်းသူအားလုံးကို စုံစမ်းဖော်ထုတ်၍ လက်တွေ့ကျကျ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဟု ယင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။အနုပညာရှင်များသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းချိန်၌ပြည်သူနှင့်အတူရပ်တည်ခဲ့သော်လည်း စစ်တပ်၏ အကြမ်းဖက် လုပ်ဆောင်မှုများကြောင့် အချို့အနုပညာရှင်များသည်နေရပ် စွန့်ခွာ၍ ထွက်ပြေးခဲ့ရသူများရှိသလို အချို့မှာ မတရားပြစ်ဒဏ်များချမှတ်အရေးယူခံခဲ့ရသည်။လက်ရှိအချိန်တွင်စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူသူများအ‌ပေါ် ကျူးလွန်ထားသည့် ပြစ်မှုများကို ဖုံးကွယ်နိုင်ရန် အနုပညာရှင်များကို အသုံးချ၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကို အကြောင်းပြ၍ အနုပညာရှင်တော်တော်များများကလည်း စစ်ကောင်စီနှင့်သက်ဆိုင်သည့် ပျော်ပွဲရွှင်ပွဲများ ၊ ဝါဒဖြန့်ချိရေးဇာတ်ကားများ သီချင်းများသီဆို၍ စိတ်ပါလက်ပါပါဝင်လာသည်ကိုတွေ့ရသည်။စစ်ကောင်စီက ၎င်းတို့ကိုထောက်ခံသူများကို အခွင့်အရေးများ‌ပေးနေပြီး ဥပမာအနေဖြင့် မကြာမီရက်ပိုင်းကပြုလုပ်ခဲ့‌ သောရုပ်ရှင်ထူးချွန်ဆု‌ပေးပွဲတွင် စစ်တပ်ထောက်ခံသည့် အနုပညာရှင်များကို အကယ်ဒမီပေးသည်ကိုကြည့်၍ တွေ့မြင်နိုင်သည်။ထို့ပြင် အနုပညာရှင်များအနေဖြင့် အမည်ပျက် စာရင်း ကြေညာထားသော စီးပွားရေးလုပ်ငန်းများနှင့် လုပ်ကိုင်ခြင်းများလည်း ယခုနောက်ပိုင်း၌ ခပ်စိတ်စိတ်တွေ့မြင်လာရသည်။စစ်ခေါင်းဆောင် မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နှင့်ဆက်စပ်နေသည့် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းမှ ဇာတ်ကားများ ရုံတင်ချိန်တွင် အနုပညာရှင်တော်တော်များများက တတ်ရောက်၍ ပရိုမိုးရှင်းများပြုလုပ်ပေးနေသည်ကိုလည်းတွေ့ရသည်။ထို့ပြင် ပြည်သူများ၏ Social Punishment ပြစ်ဒဏ်ကိုခံနေရသည့် စစ်ကောင်စီခန့် ဝန်ကြီး သက်သက်ခိုင်၏ ရွှေနန်းတော် ဆိုင်၏ ကြော်ငြာများကိုယခုနောက်ပိုင်း၌ မီဒီယာများ၌ တွေ့မြင်လာရသလို မျက်နှာသစ်အနုပညာရှင်များကလည်း ရိုက်ကူးရေးများ ပြုလုပ်လာကြသည်။”ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ် အောက်မှ လွတ်မြောက်နိုင်ရန် နှင့် အနာဂတ်မျိုးဆက်သစ်တို့အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ပေါ်ထွန်းစေရန် အသက်အိုးအိမ်များစွန့်လွှတ်ပြီး တော်လှန်နေကြချိန်တွင် အနုပညာကဏ္ဍသည် အလွန်အရေးပါသည့် ကဏ္ဍကြီးတစ်ရပ်ဖြစ်ပါသည်။” ဟု ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်၌ဖော်ပြထားသည်။(စစ်ကောင်စီ​၏ ၂၀၂၃အကယ်ဒမီဆုပေးပွဲတွင် တွေ့ရသော ဒုစစ်ခေါင်းဆောင်စိုးဝင်းနှင့်အဖွဲ့က ဆုရသူများအား နှုတ်ဆက်နေစဉ်။ ဓာတ်ပုံ – CJ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *