နွားထိုးကြီးမြို့နယ်၊ ကုန်းသာရွာတွင် စခန်းချထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၈ ဦး သေဆုံးရန်ကုန်၊ ဖေဖော်ဝါရီ ၉ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုန်သာရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ယာယီစခန်းချနေ သည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး ခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။ဖေဖော်ဝါရီလ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ကုန်းသာရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ယာယီစခန်းချနေထိုင်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လာရောက်တိုက်ခိုက် မည်ကို ကြောက်ရွံ့သဖြင့် ကုန်းသာ သင်္ချိုင်းကုန်းအနီး ကင်းပုန်းဝပ်ရန် ထွက်လာစဉ် ဒရုန်းဖြင့် ဗုံးသီး တစ်လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ကင်းပုန်းမဝပ်ရဲတော့ပဲ ထွက်ပြေးသွားကြောင်း သိရသည်။ထို့သို့ ထွက်ပြေးပြီး ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအတွင်း ဝင်ရောက်ပုန်းအောင်းနေစဉ် ဗုံးသီး ၂ လုံး ထက်ပမံကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ပုန်းအောင်နေရာ အဆောက်အအုံပေါ် သို့ တည့်တည့်ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။“ဒီတိုက်ခိုက်မှုက စံပြကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ကုလားလေးအတွက် လက်စားချေ စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာပါဖြစ်ပါတယ်၊ စစ်ကြောင်းက မနေ့က ညနေ ၃ နာရီ လောက် ကတည်းက မြင်းခြံမြို့ပေါ်ကို ပြန်ထွက်သွားပါပြီ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (မြင်းခြံခရိုင် တပ်ရင်း -၉) တပ်ဖွဲ့၊ မြင်းခြံခရိုင် အ မှတ် ၁ တပ်ရင်း 27 Revolution Forces၊ မြင်းခြံ ပ.က.ဖ ၊Triger Brother နှင့် မြစ်သား PDF တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး MBTတပ်ဖွဲ့အနေဖြင့် အညာမှာမုန်တိုင်းထန် စစ်ဆင်ရေး ဆင်နွှဲ တော့မည်ဖြစ်သဖြင့် လိုအပ်နေသော လက်နက်ခဲယမ်းများကို ကူညီပေးကြ ပါရန် မေတ္တာရပ်ခံ ထားသည်။
Posted inUncategorized