လနအားကိုးနဲ့အမျိုးမျိူးစိတ်ဒုက္ခပေးနေကြတယ်

ကျိုက်မရောထောင်တွင် လက်ကိုင်ဖုန်းတွေ့ရှိသည်ဟုဆိုကာ အကျဉ်းသားများကို ဥပဒေမဲ့ ခေါ်ယူစစ်ဆေး နှိပ်စက်နေမှု ရပ်တန့်ရေး နိုင်ငံရေးအကျဉ်းသား ၂၁၁ ဦး အစာငတ်ခံ ဆန္ဒပြနေ၊ အကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေစိုးရိမ်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်တွင် လက်ကိုင်ဖုန်းတွေ့ရှိသည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများကို ဥပဒေမဲ့ ခေါ်ယူ စစ်ဆေး နှိပ်စက်နေမှုများ ရပ်တန့်ရန် နိုင်ငံရေးအကျဉ်းသား ၂၁၁ ဦးက အစာငတ်ခံ ဆန္ဒပြနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ ရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီမှစတင်၍ ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ၄၇ ဦးက အစာငတ်ခံ ဆန္ဒပြနေကြကြောင်း၊ အစာငတ်ခံနေသည့် နိုင်ငံရေးအကျဉ်းသားများကို ဝန်းရံထောက်ခံသည့် အနေဖြင့် နိုင်ငံရေးအကျဉ်းသား

၁၆၄ ဦးသည် အကျဉ်းထောင်က ပေးသည့် အစားအသောက်များကို စားသောက်သုံးစွဲခြင်းမပြုဘဲ ဆန္ဒပြတောင်းဆိုမှုတွင်ပူးပေါင်း ပါဝင်နေကြောင်း သိရှိရသည်

အစာငတ်ခံဆန္ဒပြရသည့် အကြောင်းအရင်းမှာ ကျိုက်မရောအကျဉ်းထောင်တွင် အကျဉ်းသားများလက်ကိုင်ဖုန်းသုံးစွဲသည်ဟူသော အကြောင်းပြချက်ဖြင့် ဇန်နဝါရီလ(၂၈)ရက်နေ့ နေ့လယ်တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အကျဉ်းထောင်တွင်း အတင်းအတင်းအဓမ္မဝင်ရောက်၍ ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် လက်ကိုင်ဖုန်းနှစ်လုံးတွေ့သည်ဟုပြောဆိုကာ အကျဉ်းသားများကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ၊ ဖုန်းရှာဖွေတွေ့ရှိသည်ဟု အကြောင်းပြချက်ပေး၍ အကျဉ်းသားများကို ခေါ်ယူစစ်ဆေးခြင်းသည် ယုတ်တိမရှိသော အကြောင်းပြချက်သာဖြစ်ကြောင်း၊ ဖုန်းများကို လက်ဝယ်မတွေ့ရှိခဲ့ရကြောင်း ထို့နောက် ဖေဖော်ဝါရီလ ၄ ရက်နေ့ ည(၇)နာရီခွဲအချိန် အကျဉ်းထောင်ပိတ်ချိန်အတွင်း နိုင်ငံရေးအကျဉ်းသား ၂ ဦးကို အကြောင်းပြချက်မရှိဘဲ ခေါ်ဆောင်ရိုက်နှက်၍ အကျဉ်းထောင်တိုက်ထဲသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိအစာငတ်ခံ ဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုနေသည့်အချက်များမှာ ကျိုက်မရော အကျဉ်းထောင်မှ အကျဉ်းသူ/သားများနှင့်ပတ်သတ်၍ခေါ်ယူထိန်းသိမ်းစဉ်ကာလ စုံစမ်းမေးမြန်းစဉ်ကာလ အပြစ်ပေးအရေးယူခြင်းကာလတို့တွင်လုပ်ငန်းဆောင်ရွက်ရာတွင် တရားလက်လွန် ဆောင်ရွက်ခြင်းများ မဖြစ်ပေါ်စေရေး၊ လူ့အခွင့်အရေးနှင့်အညီဆောင်ရွက်ရေး၊ကျန်းမာရေးဆိုင်ရာ အလွယ်တကူရရှိနိုင်ရေးအတွက် တောင်းဆိုကြောင်း သိရှိရသည်။

အကျဉ်းထောင်အတွင်း ကျန်းမာရေးဆိုင်ရာ အလွယ်တကူရရှိရေး တောင်းဆိုရာတွင်လည်း စုံစမ်းစစ်ဆေးမှု ခံယူနေသည့်အိပ်ဆောင် ၃ မှ အကျဉ်းသား ၂ ဦး၏နေ့စဉ်ကျန်းမာရေးကိုစစ်ဆေးပေးရန်၊ အကျဉ်းတိုက် မဟုတ်သောအခြားသင့်လျော်စွာနေရာသို့အမြန်ဆုံးပြောင်းရွှေ့ပေးရန်၊ စုံစမ်းစစ်ဆေးမှုပြီးဆုံးသည်နှင့်တစ်ပြိုက်နက်မူလနေထိုင်ရာ အဆောင်သို့အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးရန်၊ အကျဉ်းသူ၊သားများကိုခေါ်ယူမေးမြန်းမှုများ ပြုလုပ်လိုပါကထောင်ဖွင့်ချိန်တွင်သာ ပြုလုပ်ပေးရန် တောင်းဆိုထားသည်။

လတ်တလော ပြည်သူလူထုများ၊သပိတ်အင်အားစုများ၊တော်လှန်ရေးအင်အားစုများ၊လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း ကျိုက်မရောအကျဉ်းထောင်တွင်း အစာငတ်ခံတိုက်ပွဲဝင်နေကြသည့် နိုင်ငံရေးအကျဉ်းသားများကို ဝန်းရံပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က တောင်းဆိုသည်။

“အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်ပေးပြီးတော့ အကျဉ်းသားတွေကို ဖိနှိပ်ဖို့ ကြံစည်တယ်။ သူတို့ရှာဖွေတဲ့အချိန်မှာ အကျဉ်းသားတွေကို နေရာတစ်နေရာမှာ ထားတယ်။ အကျဉ်းသားတွေကို တန်းပိတ်ချိန်မှလာပြီး ခေါ်ယူစစ်တယ်။ အစာငတ်ခံတဲ့ရက်က အနည်းငယ်ကြာမြင့်လာတဲ့အတွက် အကျဉ်းထောင်တွင်း တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေက အင်မတန်စိုးရိမ်နေရတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ ရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

က်ိဳက္မေရာေထာင္တြင္ လက္ကိုင္ဖုန္းေတြ႕ရွိသည္ဟုဆိုကာ အက်ဥ္းသားမ်ားကို ဥပေဒမဲ့ ေခၚယူစစ္ေဆး ႏွိပ္စက္ေနမႈ ရပ္တန႔္ေရး ႏိုင္ငံေရးအက်ဥ္းသား ၂၁၁ ဦး အစာငတ္ခံ ဆႏၵျပေန၊ အက်ဥ္းသားမ်ား၏ က်န္းမာေရးအေျခအေနစိုးရိမ္ရ
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၉
မြန္ျပည္နယ္၊ က်ိဳက္မေရာ အက်ဥ္းေထာင္တြင္ လက္ကိုင္ဖုန္းေတြ႕ရွိသည္ဟုဆိုကာ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ဥပေဒမဲ့ ေခၚယူ စစ္ေဆး ႏွိပ္စက္ေနမႈမ်ား ရပ္တန႔္ရန္ ႏိုင္ငံေရးအက်ဥ္းသား ၂၁၁ ဦးက အစာငတ္ခံ ဆႏၵျပေနေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာႏိုင္ငံ ေရးအက်ဥ္းသားမ်ားကြန္ရက္(PPNM)မွ ကိုသိုက္ထြန္းဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ နံနက္ ၁၁ နာရီမွစတင္၍ က်ိဳက္မေရာအက်ဥ္းေထာင္တြင္ ႏိုင္ငံေရး အက်ဥ္းသား ၄၇ ဦးက အစာငတ္ခံ ဆႏၵျပေနၾကေၾကာင္း၊ အစာငတ္ခံေနသည့္ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ဝန္းရံေထာက္ခံသည့္ အေနျဖင့္ ႏိုင္ငံေရးအက်ဥ္းသား
၁၆၄ ဦးသည္ အက်ဥ္းေထာင္က ေပးသည့္ အစားအေသာက္မ်ားကို စားေသာက္သုံးစြဲျခင္းမျပဳဘဲ ဆႏၵျပေတာင္းဆိုမႈတြင္ပူးေပါင္း ပါဝင္ေနေၾကာင္း သိရွိရသည္
အစာငတ္ခံဆႏၵျပရသည့္ အေၾကာင္းအရင္းမွာ က်ိဳက္မေရာအက်ဥ္းေထာင္တြင္ အက်ဥ္းသားမ်ားလက္ကိုင္ဖုန္းသုံးစြဲသည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ဇန္နဝါရီလ(၂၈)ရက္ေန႔ ေန႔လယ္တြင္ စစ္တပ္ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ား ပူးေပါင္း၍ အက်ဥ္းေထာင္တြင္း အတင္းအတင္းအဓမၼဝင္ေရာက္၍ ရွာေဖြမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း၊ ထို႔ေနာက္ လက္ကိုင္ဖုန္းႏွစ္လုံးေတြ႕သည္ဟုေျပာဆိုကာ အက်ဥ္းသားမ်ားကို ေခၚယူစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ၊ ဖုန္းရွာေဖြေတြ႕ရွိသည္ဟု အေၾကာင္းျပခ်က္ေပး၍ အက်ဥ္းသားမ်ားကို ေခၚယူစစ္ေဆးျခင္းသည္ ယုတ္တိမရွိေသာ အေၾကာင္းျပခ်က္သာျဖစ္ေၾကာင္း၊ ဖုန္းမ်ားကို လက္ဝယ္မေတြ႕ရွိခဲ့ရေၾကာင္း ထို႔ေနာက္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ ည(၇)နာရီခြဲအခ်ိန္ အက်ဥ္းေထာင္ပိတ္ခ်ိန္အတြင္း ႏိုင္ငံေရးအက်ဥ္းသား ၂ ဦးကို အေၾကာင္းျပခ်က္မရွိဘဲ ေခၚေဆာင္႐ိုက္ႏွက္၍ အက်ဥ္းေထာင္တိုက္ထဲသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရွိရသည္။
လက္ရွိအစာငတ္ခံ ဆႏၵျပေနေသာ ႏိုင္ငံေရးအက်ဥ္းသားမ်ား၏ ေတာင္းဆိုေနသည့္အခ်က္မ်ားမွာ က်ိဳက္မေရာ အက်ဥ္းေထာင္မွ အက်ဥ္းသူ/သားမ်ားႏွင့္ပတ္သတ္၍ေခၚယူထိန္းသိမ္းစဥ္ကာလ စုံစမ္းေမးျမန္းစဥ္ကာလ အျပစ္ေပးအေရးယူျခင္းကာလတို႔တြင္လုပ္ငန္းေဆာင္႐ြက္ရာတြင္ တရားလက္လြန္ ေဆာင္႐ြက္ျခင္းမ်ား မျဖစ္ေပၚေစေရး၊ လူ႔အခြင့္အေရးႏွင့္အညီေဆာင္႐ြက္ေရး၊က်န္းမာေရးဆိုင္ရာ အလြယ္တကူရရွိႏိုင္ေရးအတြက္ ေတာင္းဆိုေၾကာင္း သိရွိရသည္။
အက်ဥ္းေထာင္အတြင္း က်န္းမာေရးဆိုင္ရာ အလြယ္တကူရရွိေရး ေတာင္းဆိုရာတြင္လည္း စုံစမ္းစစ္ေဆးမႈ ခံယူေနသည့္အိပ္ေဆာင္ ၃ မွ အက်ဥ္းသား ၂ ဦး၏ေန႔စဥ္က်န္းမာေရးကိုစစ္ေဆးေပးရန္၊ အက်ဥ္းတိုက္ မဟုတ္ေသာအျခားသင့္ေလ်ာ္စြာေနရာသို႔အျမန္ဆုံးေျပာင္းေ႐ႊ႕ေပးရန္၊ စုံစမ္းစစ္ေဆးမႈၿပီးဆုံးသည္ႏွင့္တစ္ၿပိဳက္နက္မူလေနထိုင္ရာ အေဆာင္သို႔အျမန္ဆုံးျပန္လည္ပို႔ေဆာင္ေပးရန္၊ အက်ဥ္းသူ၊သားမ်ားကိုေခၚယူေမးျမန္းမႈမ်ား ျပဳလုပ္လိုပါကေထာင္ဖြင့္ခ်ိန္တြင္သာ ျပဳလုပ္ေပးရန္ ေတာင္းဆိုထားသည္။
လတ္တေလာ ျပည္သူလူထုမ်ား၊သပိတ္အင္အားစုမ်ား၊ေတာ္လွန္ေရးအင္အားစုမ်ား၊လူ႔အခြင့္အေရးတက္ႂကြလႈပ္ရွားသူမ်ား၊အရပ္ဖက္အဖြဲ႕အစည္းမ်ားအေနျဖင့္လည္း က်ိဳက္မေရာအက်ဥ္းေထာင္တြင္း အစာငတ္ခံတိုက္ပြဲဝင္ေနၾကသည့္ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ဝန္းရံေပးရန္ ျမန္မာႏိုင္ငံလုံးဆိုင္ရာႏိုင္ငံေရးအက်ဥ္းသားမ်ားကြန္ရက္(PPNM)က ေတာင္းဆိုသည္။
“အဓိပၸာယ္မရွိတဲ့ အေၾကာင္းျပခ်က္ေပးၿပီးေတာ့ အက်ဥ္းသားေတြကို ဖိႏွိပ္ဖို႔ ႀကံစည္တယ္။ သူတို႔ရွာေဖြတဲ့အခ်ိန္မွာ အက်ဥ္းသားေတြကို ေနရာတစ္ေနရာမွာ ထားတယ္။ အက်ဥ္းသားေတြကို တန္းပိတ္ခ်ိန္မွလာၿပီး ေခၚယူစစ္တယ္။ အစာငတ္ခံတဲ့ရက္က အနည္းငယ္ၾကာျမင့္လာတဲ့အတြက္ အက်ဥ္းေထာင္တြင္း တိုက္ပြဲဝင္ေနတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြရဲ႕ က်န္းမာေရးအေျခအေနက အင္မတန္စိုးရိမ္ေနရတယ္” ဟု ျမန္မာႏိုင္ငံလုံးဆိုင္ရာႏိုင္ငံ ေရးအက်ဥ္းသားမ်ားကြန္ရက္(PPNM)မွ ကိုသိုက္ထြန္းဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *