အပွဲအမြိန်ဆုံးပဲ မွှင်းခါးပွဲ၁၀၀အပုံလိုက်ကြီး

ရသေ့တောင်၊ ကိုးတန်ကောက် နယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက် ဖေဖော်ဝါရီ ၉၊ ၂၀၂၄ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က ကိုးတန်ကောက် စစ်ကောင်စီနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။အဲဒီ စခန်းကို AA က ဖေဖော်ဝါရီလ ၈ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက မောင်းသတင်းဌာနကို ပြောပါတယ်။အဲဒီ စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ “စစ်သားတွေသေနေကြတာ အပုံလိုက်တွေ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။အဲဒီနယ်ခြားစောင့်တပ်စခန်းမှာ အင်အား ၁၅၀နီးပါးရှိပြီး စခန်းမကျစေရေးအတွက် စစ်တပ်က လေကြောင်းပစ်ကူတွေပေးပြီးတော့ ခုခံခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ကိုးတန်ကောက်စခန်းဟာ အငူမော်-မောင်တော နယ်စပ်ကုန်သွယ်ရေးကားလမ်းမပေါ်မှာ တည်ရှိတာဖြစ်ပြီး အဲဒီစခန်းအနီးမှာရှိတဲ့ ဒုံးပိုက်နဲ့ ချိန်ခါလီ နယ်ခြားစောင့်စခန်းနှစ်ခုကိုတော့ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၅ ရက်နေ့မှာ AA သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။အဲဒီစခန်းကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်တပ်က စစ်ကူစစ်ကြောင်းတွေ စေလွှတ်နေတယ်လို့ စစ်တပ်ထောက်ခံတဲ့ လော်ဘီချန်နယ်တွေမှာ ဖော်ပြနေကြတာကို တွေ့ရပါတယ်။ ရက္ခိုင့်တပ်တော် AA ဘက်ကတော့ အဲဒီနယ်ခြားစောင့်စခန်း သိမ်းပိုက်လာမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ လက်ရှိအချိန်မှာတော့ AA က အဲဒီစခန်းကို သိမ်းပိုက်လိုက်နိုင်ပြီးနောက် ရသေ့တောင်မြို့နယ်ထဲက အင်ဒင်စခန်းကိုပါ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအနီးက နယ်ခြားစောင့်တပ်ဖွဲ့ခွဲ – နခခ၇ ကိုလည်း AA က တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ရက်နေ့မှာ AAက မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို(လက်ဝဲ)၊ တောင်ပြို(လက်ယာ) စစ်ကောင်စီ နယ်ခြားစောင့်စခန်း နှစ်ခုကိုလည်း အပြီးသတ်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ရာကျော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *