အညာသား တွေကိုအထင်သေးတာကိုး ပြေးရတာပေါ့

ကောလင်း နှင့် ကန့်ဘလူကြားလမ်း​ကြောင်းဖြတ်​တောက်ရန်ကြိုးစားသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးအထိနာ၍ ပြန်ဆုတ်ခွာဇော်ရမ်း/People’s Springကောလင်းမြို့သို့ စစ်ကူလာနိုင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဟန့်တားရန် ကန့်ဘလူမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်မှာ​တော်လှန်​ရေးတပ်များ၏တိုက်ခိုက်မှုခံရပြီး အထိအခိုက်များစွာဖြင့်ပြန်လည်ဆုတ်ခွာသွားသည်။ကောလင်းမြို့ကို ‌ကန့်ဘလူမြို့မြောက်ဘက်နှင့် ဝန်းသို့မြို့နယ်စပ်များမှ စစ်ကောင်စီက ဖေဖော်ဝါရီလ ၃ရက်နံနက်တွင် စတင်စစ်ကြောင်းထိုးခဲ့ပြီး တချိန်တည်းတွင် ကန့်ဘလူမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးရန်ကြိုးစားခြင်းဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။” ၆၀၀၆ အမြောက်တပ်ကနေ ထွက်လာတာ။ ဖေဖော်ဝါရီ ၃ရက်ကနေ ၇ရက်အထိ တိုက်ပွဲ ခြောက်ကြိမ်ဖြစ်တယ်။စစ်ခွေးကြောင်းက အထိနာတယ်။ နှစ်ပွင့်ဗိုလ်ရဲ့ ဘက်တံဆိပ် ပြုတ်ကျကျန်ခဲ့တယ်။ အလောင်းတော့မရဘူး။ ဒီကောင်တွေ လေကြောင်းအကူအညီနဲ့ ပြန်ဆုတ်သွားတာ” ဟု ကန့်ဘလူစွန်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ တိုက်ပွဲတွင် ကန့်ဘလူစွန်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင်ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ကန့်ဘလူမြို့နယ် တောင်ပိုင်းရှိ ဇီးဖြူကုန်း၊ ရှမ်းတပ်၊ မဲဇယ်နှင့် သပြေသာရွာတို့ကို စစ်ကြောင်းထိုးရန်ကြိုးစားခဲ့ရာ ဖေ‌ဖော်ဝါရီ ၃ ရက်တွင် လေးကြိမ်၊ ၅ရက်နေ့တွင် တစ်ကြမ်၊ ၇ ရက်တွင် တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကန့်ဘလူစွန်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ‌ဆိုသည်။” ဒီဘက်ကအဖွဲ့တွေ စစ်ကူသွားမှာကို စိုးရိမ်တာရော၊ စစ်ကူသွားနေလို့ အားနည်းနေပြီထင်ပြီး စစ်ကြောင်းဝင်လာတာ။ ရွာတွေနား အကပ်မခံဘဲ တိုက်လွှတ်တာ။သပြေသာကိုတော့ မီးဝင်ရှို့သွားတယ်” ဟု ဒေသကာကွယ်ရေးရေး ရဲ‌ ဘော်တစ်ဦးကပြောသည်။ကန့်ဘလူမြို့နယ်တောင်ပိုင်းကို ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်း၌ ပျူ စောထီးများလည်းပါပြီး အင်အား၁၇၀ခန့်ရှိကြောင်း သိရသည်။ စစ်ကောင်စီဘက်မှသေဆုံးထိခိုက်မှု အသေးစိတ်ကိုမသိရှိရသေးပေ။ ထိုစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ရက် ညနေတွင် ပျဉ်းတော်ပျူရွာသို့ ဝင်ရောက်သွားပြီး ယင်းမှတဆင့် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်မှ လာရောက်သည့် ကားများဖြင့်ပြန်လည်ခေါ်ဆောင်သွားကြောင်း​ဒေသခံစစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။ကောလင်းမြို့ကိုတိုက်ခိုက်နေသည့်စစ်ကောင်စီစစ်ကြောင်းကိုဖြတ်တောက်နိုင်ရေးအတွက် ကန့်ဘလူမြိုနယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း တစ်ချိန်တည်းတွင် စစ်​ကောင်စီတပ်နှင့် ပျူ​စောထီးများကိုတိုက်ခိုက်နေသည်။ ​ဖေ​ဖော်ဝါရီ ၈ ရက်တိုက်ပွဲတွင်ကန့်ဘလူမြို့ရှိ ချက်သင်းဘေးမဲ့တောအတွင်းမှ စစ်ကောင်စီနှင့် ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြသည်။ချက်သင်းဘေးမဲ့တောရှိစစ်​ကောင်စီတပ်နှင့်ပျူ​စောထီးစခန်းကို ​တော်လှန်​ရေးအဖွဲ့များက ​ဖေ​ဖော်ဝါရီ ၇ ရက်ည​နေမှစတင်တိုက်ခိုက်ရာ စစ်တပ် အထိနာပြီး​ဖေ​ဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းတွင် လေ​ကြောင်းပစ်ကူသုံးခဲ့သည်။ ​လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီ၏ Mi35 ရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပွိုင့် ဖိုက်ဖြင့် ပစ်ခတ်ရာ ထိမှန်သွားပြီး မီးခိုးတန်းထွက်လျက် ကန်ဘလူမြို့ရှိ တင့်ကားတပ်ရင်း ၆၀၀၆ သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ​ဒေသခံများက​ပြောသည်။ကောလင်းမြို့၊မင်းချမ်းကျောင်းနှင့် တဲကြီးကုန်းရွာတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖေဖော်ဝါရီလ ၈ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့်ဆုတ်ခွာထွက်ပြေးသွားရာ လက်နက်ခဲယမ်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသိမ်းယူနိုင်ခဲ့သည်။ယ‌နေ့သည် ကောလင်းမြို့ တိုက်ပွဲ ၇ရက်မြောက်ဖြစ်ပြီး မြို့အနီးဝန်းကျင်များ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။(ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ- KB-2 )

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *