ခဝေးသင်္ဘောကိုနတ်နတ်သီးကျွေး(ရုပ်သံ)

လောင်းလုံးမြို့ပေါ် တိုက်ပွဲအတွင်း ပစ်ကူပေးတဲ့ စစ်ကောင်စီသင်္ဘော ၄၂၃ အား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

++++++++++++++++++++

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၄

ထားဝယ်မြစ်ဝကို ဖြတ်ပြီး မြစ်ကြောင်းအတိုင်းလာတဲ့ စစ်ကောင်စီသင်္ဘော ၄၂၃ အား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လောင်းလုံးမြို့နယ် – LLPDFမှ သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၆ ရက် ည ၆ နာရီဝန်းကျင်ခန့်က ထားဝယ်မြစ်ဝကို ဖြတ်ပြီး မြစ်ကြောင်းအတိုင်း လာတဲ့ စစ်ကောင်စီသင်္ဘော ၄၂၃ အား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီသင်္ဘောဉီးပိုင်းပျက်ဆီးမှုရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒရုန်း လည်း ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါစစ်သင်္ဘောဟာ မြစ်ကြောင်းနဲ့ မြစ်ကမ်းတစ်လျောက်ရှိ ရွာတွေကို စက်သေနတ်နဲ့ လက်နက်ကြီး ၁၅ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ပြီး ထွက်ခွာသွားတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *