လမ်းမပေါ်ကျွမ်းဘားထိုးနေတဲ့ခဝေး(ရုပ်သံ)

ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဉီးသေဆုံး (ရုပ်/သံ)

++++++++++++++++++++

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၄

မကွေးတိုင်း ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဉီးသေဆုံးခဲ့တယ်လို့ Southern Yesagyo PDFမှ သတင်းထုတ်ပြန်ထားပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၁နာရီခန့်က ရေစကြိုမြို့နယ် ဆင်ချောင်းပျူစခန်းမှ Mark 2 ကား၁ စီး၊ ဆိုင်ကယ် ၁ စီးနဲ့ ကင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ပခုက္ကူ-ရေစကြို ကားလမ်းတစ်နေရာမှာ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဉီးနဲ့ ပျူစောထီး ၁ ဉီးသေဆုံးပြီး ကားပေါ်မှ ပြေးဆင်းလာတဲ့ စစ်သား ၅ ဉီးကို တိုက်ခိုက်ခဲ့ရာ ဒဏ်ရာ တွေနဲ့ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ စစ်သားနဲ့ ပျူစောထီးတွေထံက G 3 တစ်လက်နဲ့ ကာဘိုင်တစ်လက်ကို သိမ်း ဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ ပခုက္ကူမြို့နယ်(ပကဖ တပ်ခွဲ-၂)၊Southern Yesagyo PDFတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *